Categories: Celebrity News

100M ပြည့်မြောက်သွားတဲ့ BLACKPINK နဲ့ Selena Gomez တို့ရဲ့ Ice-cream သီချင်း

BLACKPINK နဲ့ Selena Gomez တို့ရဲ့ Ice-Cream သီချင်းက Youtube မှာအောင်မြင်မှူတစ်ခု ရရှိလိုက်ပြန်ပါပြီနော်။ ဩဂုတ်လ ၃၀ ရက်နေ့ ကိုရီးယားစံတော်ချိန် မနက် ၅:၅၆ က ကြည့်ရှုသူ 100 M ပြည့်မြောက်ခဲ့ပါပြီ။

ဩဂုတ်လ ၂၈ ရက်နေ့ကိုရီးယား စံတော်ချိန်နေ့လည် ၁ နာရီကထွက်ရှိခဲ့တဲ့ သီချင်းလေးတစ်ပုဒ်မို့လို့ ထွက်ရှိပြီး ၄၀ နာရီ ၅၆ မိနစ်တည်းနဲ့ ဒီလိုရရှိခဲ့တာချီးကျူးစရာပါပဲ။

အခုဆိုရင် Ice-cream MV ဟာ Youtube မှာတတိယမြောက်အမြန်ဆုံး ကြည့်ရှုသူအများဆုံးရတဲ့ MV တစ်ခုဖြစ်လာခဲ့ပါပြီ။ ဒုတိယအမြန်ဆုံးကတော့ BLACKPINK ရဲ့နောက်ထပ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ How You Like That MV ဖြစ်ပြီး ၃၂ နာရီ ၂၀ မိနစ်နဲ့ 100M ရရှိခဲ့တာပါ။

ပထမရရှိထားတာကတော့ BTS ရဲ့ Dynamite MV ဖြစ်ပြီး ဒီလို 100M ကို ၂၄ နာရီတည်းနဲ့ရရှိခဲ့တာပါ။ အခုဆို Ice-cream သီချင်း MV က ၂၄ နာရီအတွင်းကြည့်ရှုသူအများဆုံးရရှိခဲ့တဲ့ MV ထဲမှာပါဝင်ပြီမို့လို့ BLINKs တို့ဂုဏ်ယူလို့ရပါပြီနော်။

Source : Koreaboo
Written : Helra

Share