Categories: Celebrity News

သီချင်းသွင်းတဲ့နေရာမှာ JYP ပါပါး ဘယ်လောက်ရစ်သလဲ ပြောပြခဲ့ဖူးတဲ့ Jackson

Jackson လို့ပြောလိုက်ရင်တော့ ဟာသဉာဏ်ရွှင်စွာနဲ့ တစ်ဖက်သားကို မနာအောင်စနောက်တတ်သလို အမှန်တွေချည်း ဒဲ့တိုးဖောက်သည်ချတတ်သူလို့ kpop ပရိတ်သတ်တွေက ပြေးမြင်ကြမှာပါပဲ။

ဒီအဖြစ်အပျက်ဟာ ကြာတော့ကြာခဲ့ပြီဖြစ်ပေမယ့် GOT7 ပရိတ်သတ်တွေအတွက်တော့ ပြန်တွေးတိုင်း ရယ်နေရမယ့်အမှတ်တရပါ။ အဖြစ်ကတော့ Jackson တစ်ယောက် Radio Star အစီအစဉ်မှာ ပါဝင်ခဲ့စဉ်တုန်းက သူတို့ GOT7 တစ်ဖွဲ့လုံး CEO ဖြစ်တဲ့Park Jin Young နဲ့ အတူ သီချင်းသွင်းတဲ့အခါမှာ ဘယ်လောက်အရစ်ခံခဲ့ရကြောင်း ဖောက်သည်ချခဲ့တာပါ။

Jackson ဟာ rap အပိုင်းကို အဓိကတာဝန်ယူထားသူဖြစ်တာမို့ အဆိုသမားတွေလို ဆိုစရာအပိုင်းမများတာတောင် တော်တော်ဒုက္ခရောက်ပါသတဲ့။ “အဖွဲ့ဝင်တွေအားလုံး အသံသွင်းတဲ့အခါ နာရီပိုင်းအနည်းဆုံးပဲ တစ်ခါကဆို ကျွန်တော်ဆိုရမယ့် ၂ ကြောင်းလောက်ကို နှစ်နာရီကြာအောင် အသံသွင်းခဲ့ရဖူးတယ်” လို့ JYP ပါပါးက သူစိတ်တိုင်းမကျမချင်း အနားမပေးတတ်ကြောင်းကိုလဲ ပြောခဲ့ပါတယ်။

Jackson ဟာ အသံသွင်းတဲ့အချိန်မှာ JYP ကို ကြည့်လိုက်ရင် ပိုပြီးစိတ်ဖိအားများလာတာကြောင့် မျက်နှာလွှဲပြီးသာ သီချင်းဆိုတတ်ပါတယ်တဲ့။ ဒါပေမယ်​့ အဲ့အကျင့်ကြောင့်ပဲ JYP ဆူတာ ခံခဲ့ရဖူးပါသတဲ့။

“သူ့ကိုမိန်းကလေးတစ်​ေယာက်အနေနဲ့ မြင်ယောင်ကြည့်ပြီး ခံစားချက်ထည့်လို့ပြောတယ်။ ကျွန်တော့်အကြိုက်ဆုံး အနုပညာရှင်က Beyoncè ဆိုတော့ သူ့ကို Beyoncè လို့ သဘောထားခိုင်းတာဗျာ” လို့လဲ ရယ်စရာဖြစ်ရပ်ကို ဝေမျှခဲ့ပါသေးတယ်။

Source : Koreaboo
Written : Dar Dar

Share