Categories: Celebrity News

အသက် (၇) နှစ်အရွယ်တည်းက SM Entertainment ရဲ့ ကမ်းလှမ်းမှုကို ခံခဲ့ရတဲ့ idol တစ်ဦး

Kpop idol ဖြစ်ဖို့မဆိုထားနဲ့ kpop အေဂျင်စီတစ်ခုခုမှာ trainee အဖြစ် လေ့ကျင့်ခွင့်ရဖို့တောင် ဖြတ်သန်းရတဲ့အဆင့်တွေ အများကြီးပါ။ အထူးသဖြင့် SM Entertainment လို ရုပ်ရည်ရော အရည်အချင်းရော အဘက်ဘက်က စံနှုန်းတွေမြင့်မားလွန်းတဲ့ အေဂျင်စီဆိုရင် ဝင်ခွင့်ရဖို့ပိုတောင် ခက်ခဲပါသေးတယ်။ လူရွေးပွဲအကြိမ်ကြိမ်ဝင်ဖြေတာတောင် ကြိုးစားမှုရဲ့ အသီးအပွင့်ကို မခံစားရသူတွေ ဒုနဲ့ဒေးပါ။

ဒါပေမယ့် အချို့ idol တွေကတော့ သူမတူတဲ့ ကုသိုလ်ကံနဲ့ မွေးဖွားလာကြတာမို့ ထိပ်တန်း အေဂျင်စီတွေရဲ့ စတင်ကမ်းလှမ်းမှုကို ခံခဲ့ရပါတယ်။ အဲ့ဒီ idol တွေထဲမှာမှ အခုဖော်ပြပေးမယ့် idol ကတော့ အသက် (၇) နှစ်လို ဘာမှမသိနားမလည်သေးတဲ့အရွယ်မှာတည်းက SM Entertainment ကသူတို့နဲ့ လက်တွဲဖို့ စတင်ကမ်းလှမ်းခဲ့တာပါ။

အဲ့ဒီ idol ကတော့ ဒီနေ့မှာအားလုံးသိကြတဲ့ Krystal Jung ပါပဲ။ Life Bar အစီအစဉ်ရဲ့ အပိုင်းတစ်ခုမှာတော့ Krystal တစ်ယောက် အနုပညာလောကကို ဝင်ရောက်လာပုံနဲ့ပတ်သတ်ပြီး ဖွင့်ဟခဲ့တဲ့အခါ အားလုံးအံ့ဩခဲ့ရပါတယ်။

Krystal ဟာ အသက် (၇) နှစ် မူလတန်းအရွယ်တည်းက သူ့ရဲ့ချောမောချစ်စရာကောင်းမှုကြောင့် SM ရဲ့ ကမ်းလှမ်းမှုကို ခံခဲ့ရပါတယ်တဲ့။အဲ့ဒီအချိန်ကတော့ သူကငယ်လွန်းသေးတာမို့ မိဘတွေဟာ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီး အရွယ်ရောက်လာမှသာ SM နဲ့လက်တွဲဖြစ်ခဲ့တာပါ။

ထိုအချိန်မှာ အစ်မဖြစ်သူ Jessica Jung ကလဲ SM မှာ training ဆင်းနေပြီဖြစ်တာကြောင့် ဆုံးဖြတ်ချက်ခိုင်မာ ခဲ့ရပုံပါပဲ။ ၂၀၀၉ ခုနှစ်မှာတော့ F(x) အဖွဲ့နဲ့ ပွဲဦးထွက်ပြီး လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပါတယ်။

SM ရဲ့ ရွေးချယ်မှုကလဲ အတော်လေးကို အမျှော်အမြင်ကြီးတယ်လို့ ဆိုရမှာပါ။ Krystal ဟာ အသက် ၁၅ နှစ်အရွယ် ပွဲဦးထွက်စကတည်းက ဂီတလောကမှာလဲ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့သလို သရုပ်ဆောင်နယ်ပယ်မှာလဲ ပရော်ဖက်ရှင်နယ်အဆင့်နဲ့ အောင်မြင်ခဲ့ပါတယ်။

အခုချိန်မှာ ကိုရီးယားရဲ့အလှဆုံး ထိပ်တန်းမင်းသမီးစာရင်းဝင် ဖြစ်တဲ့ Krystal ဟာ SM ရဲ့ ရတနာလေးဆိုရင်လဲ မမှားပါဘူး။ စိတ်မကောင်းစရာကတော့ မကြာသေးခင်ကပဲ နှစ်ပေါင်းများစွာလက်တွဲခဲ့တဲ့ SM Entertainment နဲ့ လက်တွဲဖြုတ်ခဲ့ပါပြီ။

Source : Koreaboo
Written : Dar Dar

Share