Categories: Celebrity News

အဖွဲ့ဝင်တွေက သူ့ရဲ့အနာဂတ်ကို ပိတ်ဆို့ခဲ့ကြောင်းဖွင့်ဟခဲ့တဲ့ U-Kiss အဖွဲ့ဝင်ဟောင်း

U-Kiss အဖွဲ့ကတော့ လွန်ခဲ့တဲ့နှစ်ကာလတွေမှာ အတော်လေးအောင်မြင်ခဲ့ပြီး အာရှဒေသတွင်း ပရိတ်သတ်အားပေးမှုလဲ အတိုင်းအတာတစ်ခုအထိရရှိခဲ့တဲ့ kpop အဖွဲ့ပါ။ အခုချိန်မှာတော့ နှမြောတသစွာနဲ့ အနုပညာလှုပ်ရှားမှုတွေလဲ မမြင်ရတော့ပါဘူး။

အဖွဲ့ဒီလိုဖြစ်သွားရခြင်းအကြောင်းအရင်းကိုတော့ ၂၀၁၆ ခုနှစ်က ထွက်ခွာသွားတဲ့ AJ (Siyoon) က နှစ်တွေကြာမှ ဖွင့်ဟခဲ့ပါတယ်။ သူ့ရဲ့ instagram story ကနေတစ်ဆင့် fan တွေမေးတဲ့မေးခွန်းတွေကိုဖြေကြားခဲ့ရမှာ NH Media နဲ့ U-Kiss ကိုထွက်ခွာခဲ့တဲ့ အကြောင်းအရင်းမှန်ကို ဖွင့်ဟခဲ့ချိန်မှာတော့ အားလုံးဂရုဏာသက်ခဲ့ရပါတယ်။

AJ ပြောထားတာကတော့ ဒီလိုပါ။ “ကျွန်တော်နာကျင်စွာ သိမ်းဆည်းထားတဲ့ လျို့ဝှက်ချက်ကို ဒီလိုထုတ်ပြောတာ ဒါပထမဆုံးနဲ့ နောက်ဆုံး ဖြစ်ပါလိမ့်မယ်။ အလုပ်သမားတစ်ဦးနဲ့ ကုမ္ပဏီကြားမှာ ယုံကြည်မှုက အရေးပါတဲ့အချက်ပါ။

ဒီကုမ္ပဏီအတွက်ဆယ်စုနှစ်စာ ကြိုးစားပေးခဲ့ပြီးမှ ကြိုးစားမှုကလျစ်လျူရှုခံခဲ့ရရင်၊ ဒါမှမဟုတ် ကုမ္ပဏီရဲ့ဆန္ဒနဲ့မတူညီတော့ရင် ထွက်သွားဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိတော့ပါဘူး။

ပြီးတော့အခြားလုပ်ဖော်ကိုင်ဖက်တွေကပါ စာချုပ်သက်တမ်းကုန်တဲ့အထိ တောင်းပန်နေတဲ့ကြားကကျွန်တော်ဘာမှမလုပ်နိုင်အောင် တားထားကြမယ်ဆိုရင်ရော အားနည်းတဲ့ကျွန်တော်က ဘာလုပ်နိုင်မှာလဲ? ဆိုတော့ ကျွန်တော့်မှာ တခြားသူတွေပါမနာကျင်စေဖို့ တိတ်တိတ်လေးစောင့်ရုံကလွဲပြီး ရွေးချယ်စရာမရှိပါဘူး။ အမှန်ကိုထုတ်ပြောတာကလဲ အမြဲနည်းလမ်းမှန်တော့မဟုတ်ဘူးလေ။”

လို့ ဖွင့်ဟခဲ့ပြီး သူ့ကိုနောက်ထပ် ဒီကိစ္စနဲ့ပတ်သတ်တဲ့ ကိစ္စတွေမမေးပါနဲ့တော့လို့လဲ တောင်းဆိုခဲ့ပါသေးတယ်။ Fan တစ်ယောက်ရဲ့ U-Kiss အဖွဲ့ဝင်တွေနဲ့ စကားပြောဖြစ်သေးလားဆိုတဲ့မေးခွန်းကိုလဲ “မင်းဆိုရင်ရော မင်းရဲ့လမ်းကြောင်း မင်းရဲ့အနာဂတ်ကို ပိတ်ဆို့ခဲ့တဲ့လူတွေနဲ့ စကားပြောဦးမှာလား” လို့ ဖြေကြားခဲ့ပါတယ်။

Source : Koreaboo
Written : Dar Dar

Share