Categories: Celebrity News

ထိပ်တန်း မိန်းကလေးအနုပညာရှင်တွေ ဖြစ်တဲ့ IU နဲ့ Suzy တို့ရဲ့ ဆန်းကြယ်စွာ စတင်ရင်းနှီးလာပုံ

လတ်တလောမှာတော့ ကိုရီးယားလူမျိုးတွေ ပြန်ပြီးသဘောကျနေကြတဲ့ အင်တာဗျူးတစ်ခုရှိပါတယ်။ ဒါကတော့ Dream High စီးရီးကို အတူတူရိုက်ကူးရင်း ထိပ်တန်းတွေဖြစ်လာကြတဲ့ IU နဲ့ Suzy ရဲ့ ငယ်ဘဝကတည်းက အစပြုခဲ့တဲ့ ခင်မင်မှုသံယောစဉ်အကြောင်းကို IU ဖွင့်ဟထားဖူးတဲ့ အင်တာဗျူးပါပဲ။

အဲ့ဒီအချိန်က နှစ်ဦးလုံး မြီးကောင်ပေါက်ဆယ်ကျော်သက်လေးတွေဖြစ်ကြတာကြောင့် IU ဟာလဲ လူအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ရမှာကို တော်တော်လေးရှက်တတ်ခဲ့ပါတယ်တဲ့။

“အစကတော့ သူ့ကိုစပြီးမိတ်ဖွဲ့ချင်ခဲ့တာ ဒါပေမယ့်သတ္တိမရှိခဲ့ဘူး။ Suzy ကကျွန်မထက် တစ်နှစ်ငယ်တယ်လေ။ အဲ့တော့ ကိုယ့်ထက်ငယ်တဲ့လူနဲ့လဲ ဘယ်လို သူငယ်ချင်းလုပ်ရမလဲ မသိခဲ့ဘူး” လို့ IU ကဆိုပါတယ်။

နောက်တော့လဲ လူငယ်အချင်းချင်းမို့ ဒီလိုပဲသဘာဝကျကျ ခင်မင်သွားကြတယ်လို့လဲ IU ကဆိုပါတယ်။ “Suzy ကတော့ ကျွန်မကိုခဏခဏ စကားကိုသက်သောင့်သက်သာပြောဖို့ ပြောပေမယ့် ကျွန်မကိုက ရှက်ကိုးရှက်ကန်းဖြစ်နေတာ။

အဲ့ဒါကိုအားလဲနာတယ်” လို့ Suzy နဲ့ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်းမရှိခဲ့တာကိုလဲ အားနာမိကြောင်းဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်တော့လဲ ရင်းနှီးတဲ့ညီအစ်မတွေဖြစ်လာကြတာပါပဲ။

IU နဲ့ Suzy ဟာ ဘယ်လောက်တောင် ရေစက်ပါသလဲဆိုရင် သူတို့လက်ပေါ်မှာ ပါလာခဲ့တဲ့ မွေးရာပါအမှတ်လေးတွေကအစ တစ်ထေရာတည်းတူနေတာကိုလဲ အားလုံးအံ့ဩခဲ့ရပါတယ်။

အခုတော့ Dream High ရိုက်ကူးရင်း တွေ့ဆုံခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အနုပညာလောကမှာ ပြိုင်စံရှားအမျိုးသမီးတွေလို့တောင် တင်စားခေါ်ဝေါ်နေရပါပြီ။ ဒီဒိတ်ဒိတ်ကြဲနှစ်ယောက်ရဲ့ အလုပ် အချိန်ဇယားတွေကြောင့် နှစ်ယောက်သားတွဲမတွေ့ရတာတော့ ကြာပြီဖြစ်ပေမယ့် တစ်ချိန်ချိန်တော့ ဖန်သားပြင်ပေါ်မှာ အတူတွဲပြီး ပြန်မြင်ရဖို့ မျှော်လင့်ပါတယ်။

Source : Koreaboo
Written : Dar Dar

Share