Categories: Celebrity News

ကိုရီးယားအမျိုးသားတွေ အားအကျဆုံး တောင့်တင်းတဲ့ခန္ဓာကိုယ်ပိုင်ရှင် Boy Idol (၇) ဦး

Mnet ရဲ့ Entertainment Show တစ်ခုဖြစ်တဲ့ TMI News ရဲ့ အပိုင် ၅၂ မှာဒီမေးခွန်းအတွက် အဖြေရှိပါတယ်နော်။ ဒီအပိုင်းမှာ Kpop လောကမှာ ကိုရီးယားပြည်သူတွေလိုချင်တဲ့အချိုးအစားအပြေပြစ်ဆုံးခန္ဓာကိုယ်ပိုင်ရှင် ယောကျ်ားလေး idol 7 ဦးနဲ့ မိန်းကလေး idol 7 ဦးအကြောင်းပါဝင်ခဲ့ပါတယ်။ အခုဖော်ပြပေးသွားမှာကတော့ ခန္ဓာကိုယ်အတောင့်တင်းဆုံး idol ၇ဦးအကြောင်းပါ။

၇။ NCT’s Jaehyun
နံပါတ် (၇) နေရာမှာရပ်တည်နေတာကတော့ NCT အဖွဲ့ဝင် Jaehyun ပါ။ ကျွမ်းကျင်တဲ့ fitness trainer တစ်ဦးက သူ့ရဲ့ကြွက်သားတည်ဆောင်ပုံကိုချီးကျူးခဲ့ပါတယ်။

သူရဲ့အဆီအလွှာကပါးပြီးတော့ ကြွက်သားတွေကလည်းထင်ရှားတယ်ဆိုပြီးချီးကျူးခဲ့တာပါ။ ဒါ့အပြင်သူ့ရဲ့ ကြီးမားကျယ်ပြန့်တဲ့ ကျောပြင်ကလည်း မျက်စိကျစရာပါပဲ။

၆။ BTS’s Jungkook
နံပါတ် (၆) နေရာမှာတော့ BTS အဖွဲ့ဝင် Jungkook ပါ။ Jungkook ရဲ့ ကြွက်သားအပြည့်နဲ့ ပေါင်တံနဲ့ abs တွေကိုအမှတ်ပေးခဲ့ကြတာပါ။ Jungkook အတွက် ကျစ်လစ်သန်စွမ်းတဲ့ခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ချက်က အားကစားပါပဲ။

သူက National fitness centre မှာ လက်ပစ်ဘောလည်းကစားခဲ့ဖူးပြီးတော့ ရေကူးတာနဲ့ လက်ဝှေ့ထိုးတာကိုလည်း ဝါသနာပါပါတယ်တဲ့။ Trainer ကတော့ သူ့ရဲ့ abs တွေရယ် လက်မောင်းရယ်ကို သဘောကျတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။

၅။ EXO Kai
နံပါတ် (၅) နေရာမှာရပ်တည်နေတာကတော့ EXO အဖွဲ့ဝင် Kai ပါ။ Trainer က သူ့ရဲ့ abs တွေကိုဒီတိုင်းကြည့်ရင်တောင်ကြည့်ကောင်းတယ်လို့ချီးမွမ်းခန်းဖွင့်ခဲ့ပြီး Kai ရဲ့ကိုယ်ဟန်အနေအထားကဆွဲဆောင်မှုအပြည့်ရှိတယ်လို့ ချီးကျူးခဲ့ပါတယ်။

၄။ MONSTA X Shownu
Shownu ရဲ့ကြွက်သားတွေနဲ့ ကျယ်ပြန်တဲ့ကျောပြင်ကြီးနဲ့တင် နံပါတ် ၄ ရတာမဆန်းပါဘူး။ Shownu ကဒီလိုခန္ဓာကိုယ်အချိုးအစားကို ထိန်းထားနိုင်ခဲ့တာ နှစ်တွေအများကြီးကြာခဲ့ပါပြီတဲ့။ Trainer က Shownu ရဲ့ခန္ဓာကိုယ်ကို အပြစ်ပြောစရာမရှိလောက်အောင် တောင့်တင်းတဲ့ ခန္ဓာကိုယ်ပါလို့ မှတ်ချက်ပြုခဲ့ပါတယ်။

၃။ BIG BANG Taeyang
တတိယနေရာမှာရပ်တည်နေတာကတော့ Big Bang အဖွဲ့ဝင် Taeyang ပါ။ Trainer ရဲ့ပြောပြချက်အရဆိုရင် Taeyang ရဲ့ခန္ဓာကိုယ်ပုံစံက ပြည်သူတွေရဲ့အလိုချင်ဆုံးခန္ဓာကိုယ်အဖြစ်ခဏခဏသတ်မှတ်ခံရပါတယ်တဲ့။ သူ့ခန္ဓာကိုယ်အချိုးအစားကလည်း လိုချင်စရာကိုနော်။

၂။ NU’EST Baekho
တောင့်တင်းတဲ့ခန္ဓာကိုယ်အချိုးအစားအကြောင်းပြောရင် Baekho ကိုလည်းချန်ထားခဲ့လို့မဖြစ်ပါဘူးနော်။ မကြာသေးခင်က ကိုရီးယားက Men’s Health Magazine တစ်ခုမှာပါတဲ့ သူ့ရဲ့ Abs တွေကိုကြည့်ပြီး ပရိတ်သတ်တွေ ပါးစပ်အဟောင်းသားဖြစ်ခဲ့ရပါသေးတယ်။ Trainer ရဲ့အပြောအရဆိုရင် သူ့ရဲ့ ရင်အုပ်နဲ့ ကျောပြင်အကျယ်ကြီးက မယှဉ်နိုင်အောင် အချိုးအစားကျလွန်းပါတယ်တဲ့။

၁။ 2PM Taecyeon
နံပါတ် ၁ နေရာမှာ ထိုက်ထိုက်တန်တန်ရပ်တည်နေသူကတော့ 2PM အဖွဲ့ဝင် Taecyeon ပါပဲ။ သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားက Captain of Korea လို့ခေါ်ရလောက်အောင်ပြေပြစ်ပြီးတော့ သူကအလုပ်သွားရက် ကျန်းမာရေးအတွက် စက်ဘီးကိုသာအသုံးပြုတတ်သူပါတဲ့။ Trainer ရဲ့မှတ်ချက်ကတော့ သူရဲ့ခန္ဓာကိုယ်ကို ဝီရိယတွေအများကြီးစိုက်ထုတ်ခဲ့တယ်လို့ထင်ပါတယ် ဆိုပြီးမှတ်ချက်ပေးခဲ့ပါတယ်။

Source : KpopStarz
Written : Helra

Share