Categories: Celebrity News

သူရဲ့အကြိုက်ဆုံး မင်းသားဖြစ်တဲ့ Hyun Bin နဲ့တွေ့စဉ်က ခံစားချက်တွေကိုပြောပြခဲ့တဲ့ Ahn Hyo Seop

Ahn Hyo Seop ဆိုတဲ့ တက်သစ်စ မင်းသားလေးဟာဆိုရင် Romantic Doctor Teacher Kim (Season2) ဇာတ်လမ်းတွဲနှင့် ပရိတ်သတ်တွေရဲ့ အချစ်ကိုရခဲ့တဲ့ Rookie Actor လေးပဲဖြစ်ပါတယ်။ Ahn Hyo Seop ဟာအနုပညာနယ်ပယ်မှာ သူအကြိုက်ဆုံးစီနီယာ သရုပ်ဆောင်ဟာ Hyun Bin ဖြစ်ကြောင်း ပြောပြခဲ့ဖူးပါတယ်။

အခုလည်း သြဂုတ်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သော COSMOPOLITAN ရဲ့အင်တာဗျူ းမှာ Ahn Hyo Seop တစ်ယောက်ကတော့ Hyun Bin နှင့်ဆုံခဲ့စဉ်က သူ့ရဲ့အတွေ့အကြုံတွေကို မျှဝေထားပါတယ်။ Ahn Hyo Seop ဟာ Baeksang Arts Awards ဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။

ထိုပွဲမှာလည်း တက်သစ်စအမျိုးသား ဇာတ်ဆောင်ကို ဆွတ်ခူးရရှိလိုက်ပါတယ်။ ထိုပွဲကိုတော့ သူရဲ့လေးစားအကျရတဲ့ မင်းသား Hyun Bin လည်း တက်ခဲ့ပါတယ်။ Ahn Hyo Seop က ” ကျွန်တော်က စီနီယာ Hyun Bin ရဲ့အကြီးစား ပရိတ်သတ်တစ်ယောက်ပါ။

ငယ်ငယ်လေးကတည်းက သူ့ကိုသဘောကျခဲ့တာပါ။ ဆုပေးပွဲမှာတုန်းက သူကကျွန်တော့်ရဲ့ အနောက်မှာ ထိုင်ရတာပါ။ ကိုယ်အရမ်းလေးစားရတဲ့ စီနီယာတစ်ယောက်က အနောက်မှာရှိနေတယ်ဆိုတဲ့ ခံစားချက်က ပြောမပြတတ်အောင်ကို စိတ်လှုပ်ရှားစေပါတယ်။

ကျွန်တော်က စီနီယာကို နှုတ်ဆက်စကားပြောချင်ခဲ့တာပါ။ ဒါပေမဲ့ Social Distancing အကွာအဝေးကြောင့် လှမ်းနှုတ်ဆက်ဖို့မလွယ်ခဲ့ဘူး။ ပြီးတော့ကျွန်တော်က စကားသွားပြောရင် စီနီယာ Hyun Bin အနှောက်အယှက် ဖြစ်သွားမှာလည်း စိုးရိမ်လို့ပါ။ သူကကျွန်တော့်အတွက်တော့ Superstar တစ်ယောက်လေ။

ဒါပေမဲ့ ဆုပေးပွဲပြီးတော့ နှုတ်ဆက်ခွင့်တော့ ရခဲ့ပါတယ်” ဆိုပြီး သူ့ဟာ Hyun Bin ရဲ့အမာခံ ပရိတ်သတ်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ပရိတ်သတ်တွေကတော့ Hyun Bin နဲ့ Ahn Hyo Seop တို့ကို ဇာတ်လမ်းတွဲ (သို့) ရုပ်ရှင်တစ်ခုတည်းမှာ တွဲဖက်သရုပ်ဆောင်ကြတာကို တွေ့ချင်တယ်လို့ ပြောနေကြပါတယ်။ Cele Bar ပရိတ်သတ်ကြီးရော သူတို့နှစ်ဦးအတူတူ သရုပ်ဆာင်တာကို မြင်ချင်ကြလား??

Source: SBS star
Written: Phoo Phoo

Share