Categories: Celebrity News

ပြစ်မှုတစ်ခုကြောင့် အေဂျင်စီမှ နှုတ်ထွက်ခဲ့ရတဲ့ “The World of the Married” ရဲ့ Jung Jun Won

ကလေးသရုပ်ဆောင် Jung Jun Won ကတော့ “The World of the Married” ဇာတ်လမ်းတွဲမှာ Hae Gang အဖြစ် သရုပ်ဆောင်ခဲ့သူပါ။ ခုဆိုရင်တော့ Jung Jun Won ဟာ သူ့ရဲ့ အေဂျင်စီ Dain Entertainment မှ နှုတ်ထွက်ခဲ့ရပီပဲ ဖြစ်ပါတယ်။

လက်ရှိမှာ Dain Entertainment ဟာ Big Boss Entertainment ရဲ့ လက်အောက်ရောက်ရှိနေပီပဲ ဖြစ်ပါတယ်။ ဒီလို အပြောင်းအလဲကာလမှာ Jung Jun Won ဟာ သူ့ရဲ့ အေဂျင်စီနဲ့ စာချုပ်သစ်မချုပ်ဆိုခဲ့တဲ့အတွက် လက်ရှိမှာတော့ Free agent အနေနဲ့ ရှိနေပါတယ်။

ဒီသတင်းဟာတော့ Jung Jun Won ရဲ့ အသက်မပြည့်ခင် အရက်သောက်ခြင်းနဲ့ ဆေးလိပ်သောက်သုံးခဲ့တဲ့ ပြသနာဖြစ်ပွါးခဲ့ပြီး ၃ လခွဲအကြာမှာ ထွက်ပေါ်ခဲ့တာပါ။ အင်တာနက်မှာ မင်းသားရဲ့ အရက်နဲ့ ဆေးလိပ်သုံးစွဲခဲ့တဲ့ ပုံတွေ ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများစွာနဲ့ ရက်ဆိုင်ခဲ့ရပါတယ်။

ပြသနာဖြစ်ပွါးခဲ့စဉ်က Dain Entertainment မှ “ဒီလိုကိစ္စမျိုး နောက်မဖြစ်စေရပါဘူး” ဆိုပြီး တောင်းပန်ချက် ထုတ်ပြန်ခဲ့ရပါတယ်။ Jung Jun Won ကတော့ “The World of the Married” ပြီးနောက် အနုပညာလှုပ်ရှားမှုတွေ မတွေ့ရသေးပါဘူး။

Source: Allkpop
Written: GyiGyi

Share