Categories: Celebrity News

ယဉ်မတော်တဆမှုမှာ မိခင်ကို ဆုံးရှုံးခဲ့ရတဲ့ Go Ahead ရဲ့ မင်းသမီးလေး

Go ahead ရဲ့ မင်းသမီးလေး Seven Tan Songyun ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ဝမ်းနည်းစရာ အဖြစ်အပျက်နဲ့ ရင်ဆိုင်ခဲ့ပါတယ်။ အရက်သောက်ပြီး ကားမောင်းလာတဲ့ လူတစ်ယောက်ဟာ Seven ရဲ့ အမေနဲ့အတူ သူငယ်ချင်းနှစ်ယောက်ကို ကားတိုက်ပြီး ထွက်ပြေးတဲ့အမှုဖြစ်ပွါးခဲ့ပါတယ်။

အသက် ၅၅ နှစ်အရွယ်ပဲ ရှိသေးတဲ့ Seven ရဲ့ မိခင်ဟာ ရက်ပေါင်း ၂၀ ကြာ Coma အနေနဲ့ ရှိနေခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ မိခင်ဆုံးရှုံးခဲ့ရတဲ့ မင်းသမီးလေးဟာ အလုပ်များမှ ခဏတာ အနားယူခဲ့ပါတယ်။

အနုပညာလုပ်ငန်းများပြန်လည်လုပ်ခဲ့ပြီး ” Back To Field” အစီအစဉ်မှာတော့ “ကျွန်မ မားမားအကြောင်း အိပ်မက်မက်ရင် သိပ်ကောင်းမှာပဲ။ ကျွန်မချစ်တဲ့သူတွေကို ကျန်းမာ ပျော်ရွှင်စေချင်ပါတယ်။ နောက်ဘဝမှာမားမား ကျွန်မရဲ့သမီးလေးအဖြစ် မွေးဖွားခဲ့ရင် ကောင်းမှာပဲ” လို့ ပြောခဲ့ပါသေးတယ်။

ဒီဝမ်းနည်းစရာများ ဖြစ်ပွါးပြီး ၁၈ လ အကြာ ၂၀၂၀ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ မှာတော့ Seven ရဲ့ မိခင်ရဲ့ မှုခင်းအတွက် တရားခွင် ကြားနာမှု ပြုလုပ်ခဲ့ပါတယ်။ တရားခွင်ကို Seven ကိုယ်တိုင် တက်ရောက်ခဲ့ပြီး တရားခွင်မှာ ပြောခဲ့တာကတော့ ” ပြီးခဲ့တဲ့ ကာလတစ်လျှောက်လုံး ကျွန်မ စိတ်ကိုဖြေသိမ့်နေခဲ့ရပါတယ်။

ကျွန်မအမေ ဒီကမ္ဘာလောကကြီးက ထွက်သွားပီဆိုတာကိုလည်း လက်ခံနိုင်ဖို့ ကြိုးစားခဲ့ရပါတယ်။ မားမားကို နေ့တိုင်း အရမ်းလွမ်းတယ်။ တရားခွင်စတင်ပြီး မျှတတဲ့ ဆုံးဖြတ်ချက်ကို ပေးနိုင်ဖို့ နေ့တိုင်း စောင့်ဆိုင်းနေခဲ့တာပါ။

မားမားအတွက် တရားမျှတမှုကို ရရှိမယ်လို့မျှော်လင့်ပါတယ်။ ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်အတွက် ထိုက်တန်တဲ့ အပြစ်ပေးခံရမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။ Jian Jian လေးမှာ ဒီလို ဝမ်းနည်းစရာဖြစ်ရပ်ရှိခဲ့တယ်လို့ မထင်ခဲ့မိဘူး။ အပြစ်သားလည်း ထိုက်သင့်တဲ့ အပြစ်ပေးခံရပါစေလို့ မျှော်လင့်မိပါတယ်။

Source: 38jiejie
Written: Gyi Gyi

Share