Categories: Celebrity News

Billboard Hot 100 သတင်းကြောင့် Jimin ကျခဲ့ရတဲ့ ပီတိမျက်ရည်များရဲ့ နောက်ကွယ်

Billboard Hot 100 မှာ ဗိုလ်စွဲခဲ့တဲ့ ပထမဆုံး kpop အဖွဲ့အနေနဲ့ သမိုင်းတွင်နိုင်ခဲ့တဲ့ BTS အဖွဲ့ဝင်တွေရဲ့ ခံစားချက်ကိုတော့ မှန်းဆကြည့်တာနဲ့တင် ဝမ်းသာမဆုံးဖြစ်ရပါတယ်။
BTS အတွက် ပထမဆုံးဆိုတဲ့စံချိန်တွေရရှိခဲ့တာ ဒါပထမဆုံးအကြိမ်တော့မဟုတ်ပေမယ့် ပရိတ်သတ်အချို့တောင် ဝမ်းသာမျက်ရည်ကျခဲ့တာကြောင့် ကာယကံရှင်ဖြစ်တဲ့ အဖွဲ့ဝင်တွေရဲ့ရင်ထဲမှာလဲ ပြောမပြတတ်အောင် ခံစားနေရမှာပါပဲ။

အထူးသဖြင့်တော့ အဖွဲ့ဝင်တွေထဲမှာ ခံစားလွယ်တတ်တဲ့ Jimin ဟာ ထိုသတင်းကိုကြားတဲ့အခါ မနက်လင်းတဲ့အထိငိုခဲ့ရတယ်လို့ Media Day Press Conference မှာ ဖွင့်ဟခဲ့ပါတယ်။ ဒီအောင်မြင်မှုအတွက် မျက်ရည်မဆည်နိုင်လောက်အောင် ခိုင်လုံတဲ့အကြောင်းအရင်းတွေကိုလဲ ဒီလိုပြောပြခဲ့ပါတယ်။

“တကယ်တော့ ကျွန်တော်သေချာမသိဘူး။ ကျွန်တော်သတင်းကြားတာ နည်းနည်းနောက်ကျသွားတယ်။ RM ကအားလုံးကို မနက် ၃ နာရီကျော်မှာ ပြောပေမယ့် ကျွန်တော်သတင်းကြားတာ ၄ နာရီကျော်မှပါ။

အဲ့ဒါနဲ့ သတင်းကြားတဲ့အချိန်ကစပြီး ငိုလိုက်တာ ဆိုဖာပေါ်မှာမောပြီး အိပ်ပျော်သွားတော့ ခုနစ်နာရီတောင်ထိုးနေပါပြီ။ သတင်းကြာယတဲ့အချိန်တုန်းက အရမ်းအံ့ဩခဲ့ရပြီး အဲ့ဒီအချိန် Jungkook နဲ့ အတူတူရှိနေခဲ့တာမို့ နှစ်ယောက်သား chart ကို မျက်စိမလွှဲနိုင်အောင် ကြည့်ခဲ့ရင်းနဲ့ ကျွန်တော်ကမျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး” လို့ သူငိုကြွေးခဲ့ရပုံကို ပြောပြခဲ့ပါတယ်။

ဆက်ပြီးတော့လဲ အဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်ဖြစ်သူ RM အပေါ်ကိုလဲ “အစ်ကို RM ကတကယ်ကို ကြိုးစားခဲ့တာ။ အဖွဲ့ထဲမှာအစ်ကိုရှိနေလို့ ကျွန်တော်တို့ဒီနေရာအထိရောက်လာနိုင်ခဲ့တာလို့လဲ အဖွဲ့ဝင်တွေနဲ့ ပြောဖြစ်ကြတယ်။

ကျွန်တော်တို့အမြဲပြောဖူးတဲ့စကားတစ်ခွန်းက ‘ငါတို့ကြိုးစားရင် ဒါဟာငါတို့အတွက်လဲ ဖြစ်နိုင်တယ်’ ဆိုတဲ့စကားပါ။ အခုပြန်စဉ်းစားကြည့်ရင် ကျွန်တော်တို့ အခုထိကာကွယ်ထားနိုင်တဲ့အရာတွေ၊ လုပ်နိုင်ခဲ့၊ လုပ်နေဆဲ၊ ရှေ့ဆက်လုပ်ချင်တဲ့အရာတွေ အများကြီးပဲ။ အဲ့ဒါတွေအတွက် အသိအမှတ်ပြုမှုတစ်ခုရလိုက်သလို ခံစားရတယ်။

ပြီးတော့ ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ ခက်ခဲတဲ့အချိန်တွေအတွက် တာဝန်ကျေတယ် ကောင်းကောင်းလုပ်နိုင်ခဲ့တယ် ဆိုတဲ့စကားကိုကြားလိုက်ရသလိုပဲ။ ဒါကြောင့် ငိုခဲ့တာပါ။” လို့ ဆိုခဲ့ပါတယ်။ BTS အနေနဲ့ ခုနစ်နှစ်တာကာလအတွင်းမှာ အနိမ့်အမြင့်အတက်အကျမျိုးစုံခံစားခဲ့ရတာမို့ ဒီလိုအောင်မြင်မှုမျိုးဟာ အဓိပ္ပာယ်ပြည့်ဝနေမှာ အမှန်ပါပဲ။

Source : Koreaboo
Written : Dar Dar

Share