Categories: Celebrity News

Ahn Jae Hyeon နဲ့ကွာရှင်းမှုကြောင့် စိတ်ထိခိုက်နစ်နာသွားတာမျိုးမရှိခဲ့ဟု ပြောလိုက်တဲ့ Koo Hye Sun

စက်တင်ဘာလ ၂ ရက်နေ့က Koo Hye Sun ဟာသူ့မရဲ့ Album အသစ်ဖြစ်တဲ့ “Breathe 3” နှင့်ပက်သက်ပြီး အင်တာဗျူးဖြေခဲ့ပါတယ်။ Album ကိုတော့ စက်တင်ဘာလ ၁၂ရက်နေ့မှာ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

ထိုအင်တာဗျူးမှာတော့ Koo Hye Sun ဟာခင်ပွန်းဟောင်းဖြစ်သူ Ahn Jae Hyeon နှင့်ကွာရှင်းလိုက်ရတဲ့အပေါ် သူမရဲ့ခံစားချက်ကို ပြောပြခဲ့ပါတယ်။ အင်တာဗျူးမှာ MC က Koo Hye Sun ကို Ahn Jae Hyeon နှင့်ကွာရှင်းလိုက်ရတဲ့အပေါ် ခံစားချက်ကိုပြောပြပေးပါလို့ မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းကို Koo Hye Sun က “ကျွန်မနားလည်လိုက်တာက အဲ့ကွာရှင်းတဲ့ကိစ္စဟာ ကျွန်မအတွက် အရေးကြီးတဲ့ကိစ္စမဟုတ်ဖူး ဆိုတာပါပဲ။ ကျွန်မရဲ့ဘဝကို အကျိုးသက်ရောက်လောက်တဲ့အထိ အဲ့ကိစ္စက အရေးမပါပါဘူး။

အခုချိန်မှာ ကျွန်မကိုယ်ကျွန်မ ပိုကောင်းမွန်တဲ့ လူသားတစ်ယောက်ဖြစ်အောင် နေထိုင်နေတယ်” ဆိုပြီး ပြတ်ပြတ်သားသားကို ဖြေကြားခဲ့ပါတယ်။ Ahn Jae Hyeon နှင့် Koo Hye Sun ဟာဆိုရင် ၂၀၁၆ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။

သို့ပင်မဲ့ ယခုနှစ်ဂျူလိုင်လမှာတော့ တရားဝင်ကွားရှင်းပြတ်စဲ ပြီးသွားကြပါပြီ။ ပထမတုန်းကတော့ ပရိတ်သတ်တွေက ကွာရှင်းမှုပြသနာတွေကြောင့် Koo Hye Sun ရဲ့ကျန်းမာရေးကို အထူးစိုးရိမ်ခဲ့ကြတာပါ။

အခုတော့ Koo Hye Sunရဲ့သွက်သွက်လက်လက် ပုံရိပ်တွေကို ပြန်လည်တွေ့ရပြီဖြစ်တဲ့အတွက် ပရိတ်သတ်တွေလည်း စိတ်အေးရမယ်လို့ ထင်ပါတယ်။ နောက်ထပ်ထွက်ရှိမယ့် Koo Hye Sun ရဲ့အနုပညာအလုပ်တွေကိုလည်း ဆက်လက်အားပေးကြပါဦးနော်။

Source: SBS star
Written: Phoo Phoo

Share