Categories: Celebrity News

Dawn အတွက်တောင်မဝယ်ပေးဖူးတဲ့လက်ဆောင်တွေ ပရိတ်သတ်တွေအတွက်ဝယ်ပေးလေ့ရှိတဲ့ HyunA

HyunA နဲ့ Dawn လို့ဆိုလိုက်ရင် ပရိတ်သတ်တွေကို ပွင့်ပွင့်လင်းအသိပေးတွဲခဲ့ကြတဲ့ အရမ်းချစ်ကြတဲ့စုံတွဲအဖြစ်အားလုံးပဲသိကြမှာပါ။ သူတို့တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ချစ်ပြီး သည်းသည်းလှုပ်လဲဆိုတာ ပြောပြစရာမလိုအောင်အားလုံးသိပြီးဖြစ်မှာပါ။

ဒီအတွဲကို ကြည့်ပြီး မနာလိုအားကျနေရတဲ့ပရိတ်သတ်တွေ အခုအားငယ်စရာမလိုတော့ဘူးနော်။ လက်ဆောင်နဲ့ပတ်သက်လာရင်တော့ မမHyunA အတွက်ပရိတ်သတ်တွေက ပထမပါတဲ့။

Radio Star အပိုင်းတစ်ခုမှာ HyunA ကသူမပရိတ်သတ်တွေကို လက်ဆောင်ခဏခဏပေးတတ်ကြောင်း ပြောပြခဲ့ပါတယ်။ လက်ဆောင်တွေထဲမှာ စျေးကြီးတဲ့ Jacket အထူစားတွေ အလုကုန်တွေပါ ပါတာကြောင့် အစီအစဉ်ကလူတွေ HyunA ရဲ့ရက်ရောမှုကိုကြည့်ပြီး အံ့အားသင့်ခဲ့ပါတယ်။

ဒီလိုလက်ဆောင်တွေကြောင့် ငွေကြေးကုန်ကျများမှာလည်း သူမကစိတ်မပူပါဘူးတဲ့။ ပိုက်ဆံရှာနိုင်တုန်းလေးပေးရတာဆိုတဲ့ သုမရဲ့ပြတ်သားတဲ့စိတ်နဲ့အတူ ပရိတ်သတ်တွေကြောင့်ဒီလိုနေရာကို ရောက်လာခဲ့လို့ ကျေးဇူးတင်စိတ်နဲ့ ပေးလေ့ရှိတာပါ။

သူမဒီလိုရက်ရောတာကို သိတဲ့သူအချို့က သူမပရိတ်သတ်ယောင်ဆောင်တာမျိုးရှိခဲ့ပေမယ့် ပရိန်သတ်အစစ်တွေကတော့ အဲဒီလိုလူမျိုးတွေကို ရှာပြီး HyunA ကိုသတိပေးလေ့ရှိလို့ တော်ပါသေးတယ်။

Source : Koreaboo
Written : Helra

Share