Categories: Celebrity News

မကြာခင်လအတွင်းမှာပဲ ထွက်ရှိတော့မှာဖြစ်တဲ့ Suzy နှင့် Nam Joo Hyuk တို့ရဲ့ Start-up

2020 ခုနှစ်ရဲ့ အမျှော်လင့်ရဆုံး ဇာတ်လမ်းတွဲတစ်ခုကို ပြောရမယ်ဆိုရင်တော့ Suzy နဲ့ Nam Joo Hyuk တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Stat-up ဇာတ်လမ်းတွဲလည်း ပါမယ်ထင်ပါတယ်။

Start-up ဇာတ်လမ်းဟာ တောင်ကိုရီးယားရဲ့ Silicon Valley လို့တောင် ပြောလို့ရမယ့် စီးပွားရေးအချက်အချာနေရာမှာ လူငယ်တစ်စုရဲ့ ကြိုးစားရုန်းကန်မှုတွေကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။

တာဝန်ယူရိုက်ကူးတဲ့ tvN ကလည်းအခုရက်ပိုင်းအတွင်းမှာ Start-up ဇာတ်လမ်းတွဲရဲ့ Official poster ကိုထုတ်ပေးခဲ့ပြီပဲ ဖြစ်ပါတယ်။လတ်တလောမှာတော့ Covid -19 ကြောင့် ရိုက်ကူးရေးခေတ္တရပ်ဆိုင်းထားရပင်မဲ့ အခြေအနေကောင်းတာနှင့် ပြန်လည်ရိုက်ကူးမယ်လို့လည်း သိရပါတယ်။

အသစ်ထွက်ရှိထားတဲ့ Official poster မှာတော့ ဇာတ်လမ်းတွဲထဲမှာ ပါဝင်ကြမယ့် လူငယ်လေးဦးရဲ ့အရောင်အသွေးစုံလှတဲ့ ပုံရိပ်တွေဟာ ပေါ်လွင်နေပါတယ်။

သရုပ်ဆောင်ရမယ့် ကာရိုက်တာနှင့် လိုက်ဖက်အောင် ဝတ်စားဆင်ယင်ထားတာကိုလည်း တွေ့ရပြီးလူငယ်တွေရဲ့ သွက်လက်တဲ့၊ freshဖြစ်နေတဲ့ အငွေ့အသက်တွေ ရနေပါတယ်။

ပိုစတာထဲမှာပါတဲ့ စာတန်းကလည်း ” The Place Where our shining story begins ” ဆိုပြီးရေးသားထားပါတယ်။ အဓိပ္ပါယ်ကတော့ ” ငါတို့ရဲ့တောက်ပတဲ့ဇာတ်လမ်းတစ်ပုဒ် စတင်ရာနေရာ” လို့အဓိပါ္ပယ်ရပါတယ်။

နောက်တစ်မျိုးဆိုရရင်လည်း လူငယ်လေးယောက်ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ စတင်ခဲ့တဲ့ ပထမခြေလှမ်းလို့လည်း ပြောလို့ရမယ်ထင်ပါတယ်။ Start-up ဇာတ်လမ်းတွဲဟာဆိုရင် ၂၀၂ဝခုနှစ်၊ အောက်တိုဘာလတွင် ထုတ်လွှင့်မယ်လို့ သိရပါတယ်။

မကြာခင်လများအတွင်းမှာပဲ ထုတ်လွှင့်တော့မှာဖြစ်တဲ့အတွက် ပရိတ်သတ်တွေ သိပ်တော့မစောင့်ရလောက်တော့ပါဘူး။ ဇာတ်လမ်းထွက်ရှိလာလျှင်လည်း အားလုံးအားပေးကြဖို့ တိုက်တွန်းလိုပါတယ်။

Source: Soompi
Written: Phoo Phoo

Share