Categories: Celebrity News

ခင်ပွန်းသည်နဲ့ ကွာရှင်းပြတ်စဲတော့မယ့် မင်းသမီး Hwang Jung Eum

တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသမီး တစ်လက်ဖြစ်ပြီး She Was Pretty, Mystic Pop Up Bar စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်ကျော်ကြားလှတဲ့ မင်းသမီး Hwang Jung Eum ဟာ စက်တင်ဘာလ ၃ ရက်နေ့မှာပဲ သူ့ရဲ့အိမ်ထောင်ရေးနဲ့ပတ်သတ်တဲ့ စိတ်မကောင်းစရာသတင်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒါကတော့ အိမ်ထောင်သက်တမ်း ၄ နှစ်အကြာမှာ ခင်ပွန်းသည်ဖြစ်တဲ့ ပရော်ဖက်ရှင်နယ် golf အားကစားသမား Lee Young Don နဲ့ ကွာရှင်းပြတ်စဲတော့မယ်ဆိုတဲ့ သတင်းပါ။

သူ့ရဲ့အေဂျင်စီဖြစ်တဲ့ C-JeS Entertainment ကတော့ အောက်ပါအတိုင်း အတည်ပြုပြောကြားထားပါတယ်။ “မင်းသမီး Hwang Jung Eum ဟာ ခင်ပွန်းသည်နဲ့ ကွာရှင်းပြတ်စဲခွင့်လျှောက်ထားတယ်ဆိုတာ မှန်ကန်ပါတယ်။

နှစ်ဦးနှစ်ဖက် ဒီကိစ္စနဲ့ပတ်သတ်ပြီး သဘောတူညီချက်ရနိုင်ဖို့ သေချာအောင် ဆောင်ရွက်ပေးပါမယ်။ မင်းသမီးရဲ့ ပုဂ္ဂိုလ်ရေးကိစ္စဖြစ်တာကြောင့် အသေးစိတ်ကို မထုတ်ပြန်နိုင်တာကိုတော့ နားလည်ပေးကြပါ” လို့ ဆိုပါတယ်။

မင်းသမီးနဲ့ ခင်ပွန်းသည် Lee Young Don ဟာ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ ခမ်းနားစွာလက်ထပ်ခဲ့တာဖြစ်ပြီး ဩဂုတ်လ ၂၀၁၇ မှာပဲ သူတို့ရဲ့ပထမဆုံးနဲ့ တစ်ဦးတည်းသော သားလေးကို မွေးဖွားခဲ့တာပါ။

မင်းသမီးရဲ့ပရိတ်သတ်တွေအတွက် စိတ်မကောင်းစရာသတင်းဖြစ်ပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကိုလေးစားပြီး ရှေ့ဆက်မယ့် အနုပညာလမ်းကို အားပေးကြရအောင်နော်။

Source : Koreaboo
Written : Dar Dar

Share