Categories: Celebrity News

အလှအပနဲ့ပတ်သတ်ရင် IU တောင် အားကျရပါတယ်ဆိုတဲ့ အမျိုးသမီး idol

IU လို့ပြောလိုက်တာနဲ့ ဖြူဝင်းတဲ့အသားအရည်လေးနဲ့ သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့အပြင် ခွဲစိတ်ပြုပြင်စရာမလိုပဲ သဘာဝအတိုင်းလှတဲ့ မျက်နှာအစိတ်အကိုင်းလေးတွေနဲ့ ချစ်စရာအဆိုတော်မလေးလို့ အားလုံးမြင်ကြမှာပါ။

ဒီလိုမျိုး မိန်းကလေးတိုင်း မနာလိုရလောက်အောင်လှတဲ့ IU မှာလဲ အလှအပနဲ့ပတ်သတ်ရင် အားကျရတဲ့ idol ရှိပါတယ်တဲ့။ အဲ့ဒီ idol ကတော့ အခြားသူမဟုတ်ပါဘူး။ Idol အတော်များများလဲ အလှဆုံးလို့သတ်မှတ်ကြတဲ့ Suzy ပါပဲ။

IU က လွန်ခဲ့တဲ့ကိုးနှစ်က အင်တာဗျူးတစ်ခုမှာ သူနဲ့ Dream High ဇာတ်လမ်းတွဲအတူရိုက်ကူးခဲ့တဲ့ Suzy ရဲ့အလှကို ချီးကျူးခဲ့ပြီး နောက်တစ်ခါပြန်မွေးဖွားလာရင် Suzy လိုမျက်နှာလေးနဲ့ မွေးဖွားလာချင်တယ်လို့တောင် ဆိုပါတယ်။

“ကျွန်မ Suzy ကို တကယ်သဘောကျတယ်။ တွေ့ဖူးသမျှအဆိုတော်တွေထဲမှာ အလှဆုံးလို့ ပြောလို့ရမယ်ထင်တယ်။ နောက်တစ်ခါပြန်မွေးလာရမယ်ဆိုရင် Suzy လိုမျက်နှာလေးနဲ့ မွေးလာချင်တယ်။ သူ့မှာ ကျွန်မလိုချင်တဲ့ အစိတ်အပိုင်းအားလုံး ပိုင်ဆိုင်ထားတယ်။

အသားဖြူဖြူလေးရယ်၊ နှာတံမြင့်မြင့်လေးရယ်၊ မျက်လုံးအပြုံးလေးနဲ့ ပါးချိုင့်လေးလဲရှိတယ်။ ပြီးတော့ အရပ်လဲမြင့်တယ်” လို့ Suzy အလှကို အားကျမိကြောင်း ပြောခဲ့ပါတယ်။ IU တောင်အားကျရပါတယ်ဆိုမှတော့ Suzy ကို ကိုယ်တွေ ကြည့်မဝဖြစ်ရတာလဲ အဆန်းတော့ မဟုတ်ပါဘူးနော်။

Source : Koreaboo
Written : Dar Dar

Share