Categories: Celebrity News

မျက်လုံးနားမှာ အထင်ကရအမှတ်လေးတွေရှိတဲ့ Kpop Idol (၁၀) ဦး

အားလုံးပဲသိကြတဲ့အတိုင်း Kpop ပရိတ်သတ်တွေဆိုတာ သူတို့ Idol တွေရဲ့ အမှတ်ကလေးတွေ မှဲ့လေးတွေကအစ ရှာရှာဖွေဖွေမြတ်နိုးတန်ဖိုးထားတတ်ကြသူတွေပါ။ အခုဖော်ပြပေးသွားမှာကတော့ ပရိတ်သတ်တွေအချစ်ပိုရအောင် မျက်လုံးနားမှာ အမှတ်ရှိတဲ့ K-idol အချို့ကိုဖော်ပြပေးသွားမှာပါ။

HyunA
HyunA ရဲ့ဘယ်ဘက်မျက်လုံးအောင်မှာ မှဲ့လေးတစ်လုံးရှိပြီး အဲဒီမှဲ့လေးက သူမရဲ့ဆွဲဆောင်မှုကို ဆထက်ထမ်းပိုး တိုးစေတာအားလုံးပဲသိပြီးဖြစ်မှာပါ။

GOT7’s JB
JB ရဲ့အမှတ်အသားလေးကတော့အဆန်းလေးပါ။ သူ့ရဲ့ဘယ်ဘက်မျက်ခွံမှာ မှဲ့လေး ၂ လုံးအတန်းလိုက်လေးရှိတာကို GOT7 ပရိတ်သတ်တွေအားလုံးပဲသတိထားမိကြမှာပါ။

G-IDLE’s Soojin
G-IDLE အဖွဲ့ရဲ့အချောလေး Soojin မှာလည်းဘယ်ဘက်မျက်လုံးအောက်တည့်တည့်မှာ မှဲ့လေးတစ်လုံးရှိပါတယ်။ ဒီမှဲ့လေးကသူမကိုပိုတောင်ချစ်စရာကောင်းသွားစေပါသေးတယ်။

MAMAMOO’s Solar
Solar မျက်လုံးနားကမှဲ့လေးကိုရော ပရိတ်သတ်တို့သတိထားမိကြလား? သူမရဲ့ ညာဘက်မျက်ခွံပေါ်က မှဲ့လေးက သူမမျက်နှာလေးကိုထင်းနေစေလို့ သတိထားမိကြမှာပါ။

B.A.P’s Daehyun
Daehyun ဆီမှာလည်း ဘယ်ဘက်မျက်လုံးအောက်တည့်တည့်မှာမှဲ့လေးတစ်လုံး ရှိပါတယ်။ ဒီမှဲ့လေးက သူ့ရဲ့မှိုင်းညို့ညို့အကြည့်နဲ့တော့ အမှတ်မထင်အံကိုက်ပါပဲ။

GOT7’s Bam Bam
Bam Bam ရဲ့ ဘယ်ဘက်မျက်လုံးအောက်က မှဲ့သေးသေးလေးကလည်း သူ့ကိုဆွဲဆောင်မှုတစ်မျိုးတိုးစေပါတယ်။

Kang Daniel
ချစ်စရာကောင်းတဲ့ပုံစံရော ဆွဲဆောင်မှုရှိတဲ့ပုံစံ​ေရာနဲ့လိုက်ဖက်တဲ့ Daniel ကို သူ့ညာဘက်မျက်လုံးထောင့်က မှဲ့လေးက သူ့ကိုကြည့်ကောင်းအောင် ပံ့ပိုးပေးပါသေးတယ်။

BLACKPINK’s Jennie
Jen ရဲ့ ဘယ်ဘက်မျက်ခွံပေါ်ကမှဲ့လေးကိုတော့ Blink လေးတွေအားလုံးသတိထားမိကြမယ်ထင်ပါတယ်။ မှဲ့လေးနဲ့ဆိုတော့ Jennie တစ်ယောက်ပိုဆောင်ချစ်စရာကောင်းသွားသေးတယ်။

iKON’s Jinhwan
iKON အဖွဲဝင် Jinhwan ရဲ့ညာဘက်မျက်လုံးထောင့်မှာလည်း မှဲ့လေးတစ်လုံးရှိပါတယ်။ မျက်လုံးထောင့်ဆိုပေမယ့် အနည်းငယ်ဝေးတော့ စံပယ်တင်မှဲ့လေးလိုပါပဲ။

CLC’s Eunbin
Eunbin ရဲ့ညာဘက်မျက်လုံးထောင့်မှာလည်း သိသာတဲ့မှဲ့လေးရှိပါတယ်။

Source : Koreaboo
Written : Helra