Categories: Celebrity News

Blonde hair နဲ့ ပရိတ်သတ်တွေကို ဖမ်းစားခဲ့တဲ့ မိန်းကလေး idol များ (အပိုင်း ၁)

အနောက်တိုင်းသား white people အများစုကတော့ blonde လို့ခေါ်တဲ့ ရွှေဖြူရောင်ဆံပင်နဲ့ မွေးဖွားလာကြပေမယ့် kpop idol တွေအပါအဝင် အာရှသားတွေအတွက်ကတော့ နဂိုဆံပင်ကို အရောင်ချွတ်မှသာ blonde hair လေး ရနိုင်တာပါ။

အာရှသားတွေနဲ့ blonde နဲ့လိုက်ဖက်တာ နည်းတယ်ဆိုတဲ့ ထင်မြင်ချက်တွေရှိပေမယ့် ဒီမိန်းကလေး idol တွေကိုကြည့်လိုက်ရင်တော့ အဲ့ဒီအယူအဆဟာ လုံးဝမှားယွင်းတယ်ဆိုတာ သိရပါလိမ့်မယ်။

၁။ Taeyeon (Girls’ Generation)
ဖြူဖွေးတဲ့အသားအရည်နဲ့ သွယ်လျတဲ့မျက်နှာကျလေးကြောင့် ဘယ်လိုဆံပင်ပုံစံမျိုးနဲ့မဆို လိုက်ဖက်တဲ့ Taeyeon ပါပဲ။ Blonde hair ကတော့ Taeyeon နဲ့အလိုက်ဖက်ဆုံးလို့တောင် ပြောရမလို မကြာခဏဆိုးလေ့ရှိတဲ့ အရောင်ပါ။

၂။ Sana (Twice)
အဖွဲ့ထဲမှာ ဆံပင်အရောင်ဆန်းလေးတွေမကြာခဏ ဆိုးလေ့ရှိတဲ့ Sana ဟာ blonde နဲ့လဲ လိုက်ဖက်နေတာပါပဲ။ ရွှေဖြူရောင်ဆံပင်လှိုင်းတွန့်လေးတွေနဲ့ Sana ရဲ့အလှဟာ ချစ်ဖို့ကောင်းတာလေးလဲ လျော့မသွားပေမယ့် ခါတိုင်းနဲ့မတူပဲ ရင်ဖိုစရာကောင်းလွန်းပါတယ်။

၃။ Seulgi (Red Velvet)
Seulgi ကတော့ ၂၀၁၅ ခုနှစ်မှာ ‘Ice Cream Cake’ သီချင်းထွက်ရှိစဉ်က blonde hair လေးနဲ့ ပရိတ်သတ်တွေကို ဖမ်းစားခဲ့တာပါ။ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ရွှေဝါရောင်ဆံပင်ရှည်ရှည်လေးဟာ လိုက်ဖက်တဲ့အတွဲအစပ်ပါပဲ။

၄။ Yuna (ITZY)
ICY သီချင်း ထွက်လာလာချင်းမှာပဲ Yuna နဲ့သူ့ရဲ့ဆံပင်အရောင်လိုက်ဖက်မှုဟာ ပရိတ်သတ်စိတ်တွေကြား ပြောစရာဖြစ်ခဲ့ပါတယ်။ ဘိုမရုပ်လေးလိုလှတဲ့ Yuna ရဲ့မျက်နှာကို blonde hair လေးက ပိုဆွဲဆောင်မှုရှိသွားစေသလိုပါပဲ။

၅။ Krystal – F(x)
ဆံပင်အနက်ရောင်နဲ့ဆိုရင် ထည်ဝါတဲ့ရွှေမင်းသမီးတစ်ယောက်လို လှပတဲ့ Krystal ဟာ အရောင်ဖျော့ ပြောင်းဆိုးလိုက်တဲ့အချိန်မှာလဲ သူ့ရဲ့အရှိန်အဝါက လျော့မသွားပါဘူး။ Red Light era မှာ blonde hair နဲ့ ကြွေခဲ့ရတာကိုတော့ ပရိတ်သတ်တွေ မေ့မရကြပါဘူး။

၆။ Sowon (Gfriend)
Sunrise သီချင်းနဲ့ comeback ခဲ့တုန်းက Sowon ရဲ့ ပုံပြင်ထဲကမင်းသမီးလေးလို ထည်ဝါမှုကို အားလုံးရင်သပ်ရှုမောဖြစ်ခဲ့ရမှာပါ။ ကျက်သရေရှိရှိလှတဲ့ မျက်နှာလေးနဲ့ ရွှေအိုရောင်ဆံနွယ်လေးတွေ ပေါင်းစပ်လိုက်တဲ့အခါ နတ်သမီးတစ်ပါး နတ်သက်ကြွေလာသလိုပါပဲ။

၇။ Mina (Twice)
အမြဲတမ်း ဆံပင်အရောင်ငြိမ်ငြိမ်လေးတွေနဲ့ မြင်ရလေ့ရှိတဲ့ Mina ဟာ More and More သီချင်းနဲ့ comeback လာတဲ့အခါမှာတော့ blonde hair နဲ့ ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ တစ်ခါမှမမြင်ဖူးတဲ့ပုံစံပေမယ့် ကြည့်မဝလောက်​ေအာင် လိုက်ဖက်နေခဲ့တာပါ။

Source : Koreaboo
Written : Dar Dar

Share