Categories: Celebrity News

Blonde hair နဲ့ ပရိတ်သတ်တွေကို ဖမ်းစားခဲ့တဲ့ မိန်းကလေး idol များ (အပိုင်း ၂)

အနောက်တိုင်းသား white people အများစုကတော့ blonde လို့ခေါ်တဲ့ ရွှေဖြူရောင်ဆံပင်နဲ့ မွေးဖွားလာကြပေမယ့် kpop idol တွေအပါအဝင် အာရှသားတွေအတွက်ကတော့ နဂိုဆံပင်ကို အရောင်ချွတ်မှသာ blonde hair လေး ရနိုင်တာပါ။

အာရှသားတွေနဲ့ blonde နဲ့လိုက်ဖက်တာ နည်းတယ်ဆိုတဲ့ ထင်မြင်ချက်တွေရှိပေမယ့် ဒီမိန်းကလေး idol တွေကိုကြည့်လိုက်ရင်တော့ အဲ့ဒီအယူအဆဟာ လုံးဝမှားယွင်းတယ်ဆိုတာ သိရပါလိမ့်မယ်။

၈။ Minnie – (G)I-DLE
ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ (G)I-DLE ရဲ့ online concert အတောအတွင်းမှာ Minnie ဟာ ဆံပင်အရောင်သစ်နဲ့ သူ့ရဲ့ပုံတွေကို instagram မှာ ဝေမျှခဲ့ပါတယ်။အပြစ်ကင်းတဲ့အလှနဲ့ ဆွဲဆောင်မှုရှိတဲ့ Minnie ဟာ Blonde hair နဲ့မှ ပိုတောင်လှနေသလိုပါပဲ။

၉။ Kang Hyewon (IZ*ONE)
ဇူလိုင်လကမှ Hyewon တစ်ယောက် မပြောမဆိုနဲ့ ဆိုးချလိုက်တဲ့ ဆံပင်အရောင်ကြောင့် ပရိတ်သတ်တွေ ပွက်လောရိုက်ခဲ့ရပါတယ်။ နဂိုတည်းက ငေးကြည့်ချင်စရာအလှက blonde hair ဆိုးလိုက်မှ ကြည့်မဝနိုင်စရာ အလှဖြစ်ခဲ့ရပါတယ်။

၁၀။ Solar (Mamamoo)
Mamamoo ရဲ့ Starry Night သီချင်းမှာတော့ အရာအားလုံးက လှပနေခဲ့ပေမယ့် ထိုထဲမှာ အလှပဆုံးကတော့ Solar ရဲ့ ဆံပင်အရောင်ပါပဲ။ Solar ရဲ့ ညို့အားပြင်းတဲ့အလှဟာ ရွှေအိုရောင်နဲ့ပေါင်းစပ်လိုက်တဲ့အခါ ရူးလောက်ပါတယ်။

၁၁။ Yeeun (CLC)
CLC အဖွဲ့ရဲ့ အောင်မြင်ခဲ့တဲ့ ‘No’ သီချင်းမှာ Yeeun ရဲ့ visual ကလဲ တကယ်ကိုလူပြောများခဲ့ပါတယ်။ ရွှေဝါရောင်ဆံပင်အတိုလေးက Yeeun ရဲ့ခက်ထန်တဲ့ ဆွဲဆောင်မှုကိုပံ့ပိုးပေးသလို ဖြစ်ခဲ့ပြီး bad girl ပုံစံနဲ့ တကယ်မိုက်ပါတယ်။

၁၂။ Naeun (Apink)
၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ ‘Remember’ သီချင်းမှာ လှချင်တိုင်းလှနေတဲ့ Naeun ကိုလဲ မေ့နိုင်ကြဦးမယ် မထင်ပါဘူး။ ရွှေအိုရောင်ဆံပင်လှိုင်းကလေးတွေနဲ့ Naeun ဟာ နွေရာသီနတ်သမီးလေးလို့ တင်စားရလောက်ပါတယ်။

၁၃။ Jennie (BLACKPINK)
Comeback တိုင်းမှာ ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့တဲ့ Jennie ဟာ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Kill This Love မှာလဲ blonde hair နဲ့ ခပ်ချေချေဘုရင်မတစ်ဦးရဲ့ အသွင်နဲ့ ပရိတ်သတ်ကို တအံ့တဩဖြစ်စေခဲ့ပါတယ်။

၁၄။ Lisa (BLACKPINK)
Blonde hair ကတော့ Lisa ရဲ့ကိုယ်ပိုင်အမှတ်အသားလို့တောင် ဆိုလို့ရနေပါပြီ။ ပွဲဦးထွက်စကနေ မကြာခဏဆိုသလို ဆံပင်အရောင်ဖျော့လေးနဲ့ ရှေ့ဆံမြိတ်လေးနဲ့သာ မြင်ခဲ့ရတာကြောင့် သက်ရှိအရုပ်မလေးဆိုတဲ့ နာမည်တောင် တွင်နေပါပြီ။

ဖော်ပြပေးခဲ့တာကတော့ တော့ blonde hair နဲ့ ပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ မိန်းကလေး idol များ အပိုင်း (၂) ဖြစ်ပါတယ်။ အပိုင်း (၁) ကို မဖတ်ရှုရသေးရင်တော့ Myanmar Cele Bar page မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Source : Koreaboo
Written : Dar Dar

Share