Categories: Celebrity News

ကွာရှင်းပြတ်စဲပြီးနောက် ထွက်ရှိလာတဲ့ Album နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတဲ့ Goo Hye Sun

Goo Hye Sun တစ်ယောက်သူမရဲ့ Breath 3 ဆိုတဲ့ albumထွက်ရှိအပြီးမှာ ပရိတိသတ်အချို့ရဲ့ဝေဖန်မှုကိုခံနေရပါတယ်။ ဝေဖန်ရတဲ့အကြောင်းရင်းက သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူ Ahn Jae Hyun က လမ်းခွဲပြီးနောက် သူမလိုမျိုး ဘဝမှာပေါ့ပေါ့ပါးပါးရှေ့မဆက်နိုင်သေးလို့ပါ။

သူမရဲ့ Album ထွက်ရှိမယ်ဆိုတဲ့ post အောက်မှာ သူမကိုပြင်းပြင်းထန်ထန်ဝေဖန်ထားကြပြီး Jae Hyun ကိုသနားနေကြတဲ့ပြည်သူတွေလည်း မနည်းပါဘူး။ Ahn Jae Hyun အနေနဲ့လည်း ကွာရှင်းပြီးနောက်မှ သူပါဝင်နေကျဖြစ်တဲ့ New Journey To The West Season 8 မှာမပါဝင်နိုင်တော့ဘူးလို့ ပြောထားလို့ ဝေဖန်မှုကပိုပြင်းထန်သွားရတာပါ။

ဒါပေမယ့် Goo Hye Sun ဘက်က သူမကိုနားလည်ပေးဖို့ ဝင်ပြောပေးတဲ့ ပရိတ်သတ်အချို့လည်းရှိနေဆဲပါ။ သူတို့နှစ်ဦးဟာ အိမ်ထောင်သက်တမ်း ၄ နှစ်အကြာ မှာကွာရှင်းခဲ့တာဖြစ်ပြီး မင်းသမီး Goo Hye Sun ကိုအေဂျင်စီအသစ်နဲ့အနုပညာလှုပ်ရှားမှုတွေတွေ့ရပြီး Ahn Jae Hyun ကို ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ Love with flaws ဇာတ်လမ်းတွဲမှာ နောက်ဆုံးတွေ့ခဲ့ရတာပါ။

Source : Koreaboo
Written : Helra

Share