Categories: Celebrity News

သီချင်းအသစ်တွေနဲ့ ပရိသတ်တွေဆီ ပြန်လာတော့မယ့် CL

မျှော်လင့်စောင့်စားနေရတဲ့ CL ကတော့ မကြာမီမှာပဲ ပရိသတ်တွေဆီ သီချင်းသစ်တွေနဲ့ပြန်လာတော့မှာပါ။ လူတိုင်းကလည်း စိတ်လှုပ်ရှား မျှော်လင့်နေကြပါပီ။ CL ကတော့ သူ့ရဲ့comeback ကို Instagram မှတစ်ဆင့် video လေးတစ်ခုနဲ့ ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။

Youtube မှာလည်း ဒီ Video လေးကို တင်ပြီး Comeback အတွက် ကြေညာခဲ့ပါတယ်။ ဒီ Video ထဲမှာတော့ Oversized ဝတ်စုံကို ဝတ်ဆင်ထားပြီး စည်းချက်အညီ ကနေတဲ့ K-Pop ဘုရင်မ CL ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် “I go by the name of, you already know” ဆိုတဲ့ စာသားကိုလည်း ဒီ Video မှာ မြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။ Blackjack လေးတွေကတော့ ဒီစာသားလေးကို ရင်းနှီးနေကြမယ်ထင်ပါတယ်။

2NE1 ရဲ့ လျှမ်းလျှမ်းတောက် သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Fire” ရဲ့ အဖွင့်ပိုင်းမှာ CL ဟာ ” I go by the name of CL of 2NE1″ လို့ သီဆိုခဲ့တာပါ။

CL ဟာ ၂၀၁၉ ခုနှစ် YG Entertainment မှ ထွက်ခဲ့ပြီးတဲ့ နောက်မှာတော့ တစ်ကိုယ်တော် အနုပညာရှင်အနေနဲ့ အုပညာလှုပ်ရှားမှုတွေ ပြုလုပ်နေခဲ့တာပါ။ CL ရဲ့ သီချင်းသစ်ကတော့ တကယ့်ကို အလန်းဇယား ဖြစ်နေအုံးမှာပါပဲ။ အားလုံးလဲ CL ရဲ့ တကြော့ပြန်လာမှုအတွက် ရင်ခုန်နေကြပီမလား?

Source: Soompi
Written: Gyi Gyi

Share