Categories: Celebrity News

ရည်းစားဘယ်နှယောက်ထားခဲ့ဖူးသလဲဆိုတာကို အမှတ်မထင် ဖွင့်ပြောမိသွားခဲ့တဲ့ Jessi

Jessi ကတော့ ဂီတနဲ့ပတ်သတ်ရင်လဲ သူမတူတဲ့အရည်အသွေးတွေ ပိုင်ဆိုင်ထားတာမို့ တောင်ကိုရီးယားရဲ့ ထိပ်တန်း female rapper တစ်ဦးအဖြစ် သတ်မှတ်ခံထားရသလို တစ်ဖက်မှာလဲ သူ့ရဲ့ပွင့်လင်းပြီး အရှိအတိုင်းပြောဆိုနေထိုင်တတ်တဲ့ အကျင့်ကြောင့် Variety Show လောကမှာပါ အောင်မြင်လူကြိုက်များပါတယ်။

အထူးသဖြင့်တော့ Jessi နဲ့ Yoo Jae Suk တို့တွေ့ကြရင် ပါးစပ်မစိရအောင် ရယ်နေရတာချည်းပါပဲ။ အခုလဲ tvN ရဲ့ variety show တစ်ခုဖြစ်တဲ့ The Sixth Sense ရဲ့ ပထမဆုံးအပိုင်းမှာ Jessi တစ်ယောက် ပုဂ္ဂိုလ်ရေးကိစ္စတွေကို မတော်တဆဖွင့်ဟမိခဲ့ပြန်ပါပြီ။

ဖြစ်ပုံကတော့ show မှာပါဝင်သူတွေအားလုံး မေးခွန်းမှာပါတဲ့အတိုင်း ထင်ရတဲ့သူကိုရွေးချယ်ရတဲ့ ဂိမ်းတစ်ခုဆော့နေရင်းမှာ ဆန့်ကျင်ဘက်အသင်းအတွက် မေးခွန်းက “ဒီထဲမှာ ဘယ်သူရည်းစားအများဆုံးထားခဲ့ဖူးတယ်ထင်လဲ” ဆိုတဲ့ မေးခွန်းဖြစ်နေတာပါ။

ဒီမေးခွန်းအတွက်အဖြေကိုတော့ Yoo Jae Suk က Jeon So Min လို့ဖြေခဲ့ပြီး Jeon So Min နဲ့ Oh Ha Na တို့ကတော့ Jessi လို့ဖြေခဲ့ကြပါတယ်။ Jessi အနေနဲ့တော့ ဒီလိုထင်မြင်ခံရတာကိုမခံမရပ်နိုင်ဖြစ်ခဲ့ပြီး “အစ်မကလဲ ကျွန်မ ရည်းစားငါးယောက်ပဲ ထားခဲ့ဖူးတာပါနော်” လို့ ဖြေရှင်းခဲ့ပါတယ်။

Jessi ရဲ့ ရုတ်တရက်ဖြေရှင်းချက်ကြောင့် အားလုံးပွဲကျခဲ့ရပြီး Yoo Jae Suk ကဆိုရင် “Jessi နင့်ဟာက TMI (Too Much Information) ဖြစ်သွားပြီ” လို့ တားယူရတဲ့အထိပါပဲ။ Jessi က ဒီစကားကိုလဲ “TMI မဟုတ်ပါဘူး အထင်လွဲမှုတွေကို ဖြေရှင်းတဲ့သဘောပါ။ ကျွန်မအဲ့လိုရည်းစားလိုက်ထားနေတဲ့ ပုံစံမျိုးမဟုတ်ပါဘူး” လို့ ချက်ချင်းတုန့်ပြန်ခဲ့ပါသေးတယ်။

Source : Koreaboo
Written : Dar Dar

Share