Categories: Celebrity News

Bad Blood Album နဲ့ ကမ္ဘာတစ်ဝှမ်းက itunes Charts ထိပ်ဆုံးနေရာတွေကိုသိမ်းပိုက်နေတဲ့ Super Junior D&E

စက်တင်ဘာလ ၃ ရက်နေ့ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီက Super Junior D&E ရဲ့ BAD BLOOD” album ထွက်ရှိခဲ့ပြီး Title သီချင်းကတော့ B.A.D ပါ။ Album ထွက်ရှိပြီးမကြာခင်မှာပဲ ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးက itunes charts တွေမှာ ဗိုလ်စွဲခဲ့ပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့ ကိုရီးယားစံတော်ချိန် မနက် ၁၀ နာရီ ၁၁မိနစ်မှာဆို နိုင်ငံ ၂၅ နိုင်ငံမှာ နံပါတ် ၁ ရရှိနေပါပြီ။ ဒီ ၂၅ နိုင်ငံကတော့ Guatemala, ရှရှား၊ မလေးရှား၊ မက္ကဆီကို၊ ဗီယက်နမ်၊ ဘရာဇီး၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ အာဂျင်တီးနား၊ အီကွေဒေါ၊ မကာအို၊ UAE ၊ အီဂျစ်၊ ဂျော်ဒန်၊ ချီလီ၊ အင်ဒိုနီးရှား၊ ကိုလံဘီယာ၊ ထိုင်ဝမ်၊ ထိုင်း၊ ပီရူး ဟောင်ကောင်၊ ဖိလစ်ပိုင် စတဲ့ ကမ္ဘာတစ်လွှား နိုင်ငံအသီးသီးတို့ဖြစ်ပါတယ်။

ဒီတစ်ခေါက် comeback ဟာအကြာကြီးနေမှ တွေ့ရတဲ့ Comeback ဖြစ်ပေမယ့် လျော့မသွားတဲ့အချစ်တွေနဲ့ ဒီလိုအောင်မြင်မှုကြီးရအောင် အားပေးနိုင်တဲ့ ပရိတ်သတ်တွေရဲ့ အစွမ်းကတော့ အံ့မခန်းပါပဲနော်။ ဒီလိုအောင်မြင်မှုတွေသိမ်းပိုက်နိုင်တဲ့ Super Junior D&E အဖွဲ့ကိုလည်း ဂုဏ်ပြုပါတယ်။

Source : Soompi
Written : Helra

Share