Categories: Celebrity News

Spoiler အကြီးအကျယ်ပေးနေတဲ့ ခေါင်းဆောင် Baekhyun ကိုပြန်ထိန်းနေရတဲ့ SuperM အဖွဲ့ဝင်များ

လက်ရှိမှာ Baekhyun ဟာ SuperM အဖွဲ့ခေါင်းဆောင်အနေနဲ့တာဝန်ယူထားပြီး အစအနောက်သန်တဲ့ ခေါင်းဆောင် Baekhyun ဘယ်လိုခွီမလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။ ခေါင်းဆောင်ကြီးရဲ့ ဆေးထိုးကြမ်းချက်က အဖွဲ့ဝင်တွေတောင် ပြန်ထိန်းနေရပြီနော်။

သူတို့ရဲ့ သီချင်းသစ် “Tiger Inside” ထုတ်လွှင့်ဖို့ Live Countdown အစီအစဉ်မှာ အဖွဲ့ဝင်အကုန်လုံးက သီချင်းအကြောင်းတွေ သီချင်းရိုက်ကူးမှုအကြောင်းတွေပြောနေရင်း Kai က “ကျွန်တော်တို့ ဘယ်မှုရိုက်ကူးခဲ့တာ ဖြစ်မလဲ” လို့ကင်မရာကိုကြည့်ရင်းမေးလိုက်ပါတယ်။

Kai ရဲ့သဘောက ပရိတ်သတ်တွေကိုခန့်မှန်းစေချင်တာမျိုးဖြစ်ပေမယ့် ခေါင်းဆောင်ကြီး Baekhyun တစ်ယောက် သူတို့ရိုက်ကူးခဲ့တဲ့ site အကြောင်းကို ဖွင့်ဟပြောလာပါတော့တယ်။ “ငါတို့ရိုက်ကူးခဲ့တဲ့နေရာလေ မနက်ထိရိုက်နေရလို့ ၃ နာရီပဲအိပ်ခဲ့ရတုန်းကမလား?” လို့အတည်ပေါက်ကြီးနဲ့ တိတိကျကျ spoil ခဲ့တာပါ။

အနုပညာသက်တမ်းတစ်ခုရောက်ရှိနေပြီဖြစ်တဲ့ Baekhyun တစ်ယောက် ဒါကိုမသိနားမလည်လို့ ဖော်ထုတ်ခဲ့တာမဟုတ်ပါဘူး။ “ငါတို့ရိုက်ကူးခဲ့တဲ့နေရာ ဟုတ်နေတာပဲကို။ Spoiler တွေကအရေးကြီးတယ်လေ” ဆိုပြီးတောင် ပြန်စနောက်နေပါသေးတယ်။

အဖွဲ့ဝင် Taeyong ကတော့ “အဲလိုပြောရမှာမဟုတ်ဘူးလေ” လို့ ရယ်ရယ်မောမောသတိပေးခဲ့ပြီး မေးခွန်းမေးမိတဲ့ Kai ကတော့နောက်မှာပါးစပ်အဟောင်းသားနဲ့သာကြည့်နေပါတော့တယ်။ ဒါ့အပြင် Baekhyun က “ဒီလျှို့ဝှက်ချက်က နောက်မှသိရပါမယ်” လို့ပြောရမယ်ဆိုပြီးတော့တောင် သူ့အစ်ကိုကြီး ကိုပြန်သင်ပေးနေပါသေးတယ်။

Taemin ရဲ့ “လိပ်စာအပြည့်အစုံသာ ပြောလိုက်ပါတော့ကွာ” ဆိုတဲ့စကားအဆုံးမှာတော့ Lucas တစ်ယောက် လက်ခုပ်လက်ဝါးတီးပြီးတောင် ရယ်ပါတော့တယ်။ တစ်ချိန်က Ten ကို WayV ရဲ့အနုပညာလှုပ်ရှားမှုတွေကို Spoil တတ်လွန်းလို့ Spoiler King လို့ခေါ်ရာက အခု Baekhyun ကိုရာထူးလွှဲပေးရမလိုတောင်ဖြစ်နေပြီနော်။

Source : Koreaboo
Written : Helra

Share