Categories: Celebrity News

တိုက်ကွမ်ဒိုအားကစားနေ့အတွက် အဓိပ္ပာယ်ရှိတဲ့ လှူဒါန်းမှုတစ်ခုလုပ်ခဲ့တဲ့ Suzy

Advertisements

စက်တင်ဘာလ ၄ ရက်နေ့က တိုက်ကွမ်ဒိုအားကစားသမားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Taekwondo Federation of Happiness Sharing Community က Suzy ရဲ့ ဝမ်ပေါင်း သန်း ၅၀ ကျော် (မြန်မာငွေ သိန်း ၆၀၀ နီးပါး) တန်ဖိုးရှိတဲ့ အလှူအကြောင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီအလှူက တိုက်ကွမ်ဒိုအားကစားသမားနေ့ကိုဂုဏ်ပြုတဲ့ အနေနဲ့ လှူဒါန်းခဲ့တာဖြစ်တဲ့အကြောင်းကိုလည်း သူမရဲ့ အေဂျင်စီက ထပ်မံအတည်ပြုခဲ့ပါတယ်။ ပြည်သူချစ်တဲ့ မင်းသမီးချောလေး Suzy အတွက်ဒီလိုတန်ဖိုးရှိတဲ့အလှူမျိုးက ပထမဆုံးအကြိမ်မဟုတ်ပါဘူးနော်။

၂၀၁၈ ခုနှစ်တုန်းကလည်း လက်မထပ်ရသေးတဲ့မိခင်တွေကို ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KUMSN ကို ဝမ်သန်း ၂၀ လှူဒါန်းဖူးပါသေးတယ်။ ဒါ့အပြင် မနှစ်ကလည်း Gangwon ကတောမီးဒုက္ခသည်တွေအတွက် ဝမ်သန်း ၁၀၀ လှူဒါန်းခဲ့ဖူးပြီး မကြာသေးခင်က ကြုံတွေ့ခဲ့ရတဲ့ ရေဘေးတုန်းကလည်း ဝမ်သန်း ၁၀၀ ထိလှူဒါန်းခဲ့သူလေးပါ။

ဒီလိုရုပ်လေးလှရုံသာမက စိတ်ထားလေးပါလှတဲ့ မင်းသမီးချောလေး Suzy အနာဂတ်မှာဒီထက်ပိုပြီး အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုကတော့ “Start-up” ဇာတ်လမ်းတွဲရိုက်ကူးနေပြီး ဒီဇာတ်လမ်းတွဲလးက အောက်တိုဘာဆိုစတင်ထုတ်လွှင့်တော့မှာနော်။

Source : Soompi
Written : Helra

Advertisements
Share