Categories: Celebrity News

IU နဲ့ collabrate လုပ်ချင်တယ်လို့ ဖွင့်ဟလာတဲ့ Hyolyn

Sistar အဖွဲ့နဲ့လဲ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့သလို အခုချိန်မှာလဲ တစ်ကိုယ်တော်အဆိုတော်အနေနဲ့ အောင်မြင်စွာရပ်တည်နေတဲ့ Hyolyn ကတော့ မကြာသေးခင်ကမှ ‘Say My Name’ ဆိုတဲ့သီချင်းသစ်နဲ့ အောင်မြင်မှုတွေထပ်မံသိမ်းပိုက်ထားပါသေးတယ်။

လတ်တလောမှာလဲ MBC ရုပ်သံလိုင်းရဲ့ ‘Kim Shin Young’s Hope Song At Noon’ အစီအစဉ်မှာ ပါဝင်ထားပြီး သူ့ရဲ့အနာဂတ်အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သတ်ပြီး ဖွင့်ဟခဲ့ပါတယ်။

အဲ့ဒီ show ရဲ့ host ဖြစ်တဲ့ Kim Shin Young ဟာ Hyolyn ကိုစကားစပ်မိတာနဲ့ IU တစ်ယောက် Hyolyn ကို အကောင်းဆုံးအဆိုတော်တွေထဲမှာ ပါဝင်တယ်လို့ ချီးမွမ်းခန်းဖွင့်ခဲ့ကြောင်း သတင်းကောင်းပါးပါတော့တယ်။

ဒီစကားကိုကြားတဲ့အခါ Hyolyn လဲဝမ်းသာမဆုံးဖြစ်ခဲ့ပြီး IU ရဲ့သူ့ရဲ့ကြားက ဆက်ဆံရေးကို အခုလိုပဲဖွင့်ဟခဲ့ပါတယ်။ “Schedule တွေတိုက်ဆိုင်နေလို့ တွေ့ရတဲ့အခါတိုင်း ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် အပြေးအလွှား နှုတ်ဆက်စကားပြောဖြစ်ကြပါတယ်။

ဒါပေမယ့် အခုချိန်ထိ အတူအလုပ်တွဲလုပ်ဖို့ အခွင့်အရေးမရသေးဘူး ကျွန်မ IU နဲ့ တစ်ခါလောက်တော့ collabrate လုပ်ချင်ပါတယ်” လို့ IU နဲ့ သီချင်းတစ်ပုဒ်ဖန်တီးဖို့ ဆန္ဒရှိကြောင်းဆိုပါတယ်။

Hyolyn ဘက်က ဒီလိုထုတ်ပြောလိုက်ပြီဆိုတာနဲ့ ပရိတ်သတ်တွေကတော့ IU နဲ့ Hyolyn ရဲ့မတူညီတဲ့ ဆွဲဆောင်မှု အသံကာလာတွေပေါင်းစပ်ထားမယ့် အနုပညာလက်ရာတစ်ခုကို မျှော်လင့်နေကြပါပြီ။

အားလုံးမျှော်လင့်ထားသလို တကယ်ဖြစ်လာရင်တော့ အဲ့ဒီသီချင်းဟာ chart တွေရဲ့ ထိပ်ပိုင်းကနေ မဆင်းစတမ်း အောင်မြင်ဦးမှာ အသေအချာပါပဲ။

Source : Koreaboo
Written : Dar Dar

Share