Categories: Celebrity News

So Wayree ဖြင့်ပရိတ်သတ်တွေရဲ့ အားပေးမှုကို တဟုန်ထိုး ရရှိလာတဲ့ Kem နှင့် Mookda

So Wayree ဇာတ်လမ်းတွဲဟာဆိုရင် CH7 ကထုတ်လွှင့်ပြီး မင်းသား Kem Hussawee နှင့် မင်းသမီး Mookda တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာဇာတ်လမ်းတွဲပါ။ ဒီဇာတ်လမ်းတွဲဟာဆိုရင် ထိုင်းနိုင်ငံမှာသာမက နိုင်ငံတကာမှာပါ လတ်တလော လူကြိုက်များနေတဲ့ Drama တစ်ခုဆိုလည်း ဟုတ်ပါတယ်။

Nielsen Thailand ရဲ့ထုတ်ပြန်ချက်အရဆိုရင်လည်း So Wayree ဟာထုတ်လွှင့်နေဆဲ ဇာတ်လမ်းတွဲတွေထဲမှာ ကြည့်ရှုသူနှုန်း အမြင့်ဆုံးလည်း ဖြစ်နေပါတယ်။ သူတို့ရဲ့ အောင်မြင်မှုနှုန်းကို ကြည့်မယ်ဆိုရင်တော့ ခေါင်းဆောင် မင်းသား၊မင်းသမီးတွေရဲ့ IG followers တိုးလာမှုနှုန်း ကိုအရင်ဆုံး ပြောရမယ်ထင်တယ်။

Kem Hussawee ရဲ့ official Instagram အကောင့်ဟာဆိုရင် သြဂုတ်လအတွင်းမှာပါပဲ Followers ပေါင်း ၅သောင်းကျော် တိုးလာခဲ့ပါတယ်။ အလားတူပင် Mookda Narinrak ရဲ့ IG acc ဟာဆိုရင်လည်း Followers ပေါင်း၅သောင်းကျော် တိုးလာခဲ့ပါတယ်။

ဒါအပြင် Kem နှင့် Mookda ဟာဆိုရင် ဇာတ်လမ်းတွဲထဲမှာ စုံတွဲအဖြစ် ပီပြင်အောင် သရုပ်ဖော်နိုင်တာကိုလည်း ပရိတ်သတ်တွေက ချီးကျူးမဆုံးဖြစ်နေကြတာပါ။ တက်သစ်စ သရုပ်ဆောင်တွေ ဖြစ်ကြမယ်ပင်မဲ့ အခုလိုဒရမ်မာအပြင်းစားကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ကြတာကိုလည်း တွေ့နေရပါတယ်။

နှစ်ဦးကြားက Chemistry ကလည်းမိလွန်းတဲ့အတွက်ကြောင့် ကြည့်ရှုသူပရိတ်သတ်ဟာဆိုရင် ဇာတ်လမ်းထဲမှာ မျောနေသလိုပါပဲ။ ပရိတ်သတ်တွေရော သူတို့နှစ်ယောက်ကို ချစ်ကြလား။ Comments မှာတစ်ခုခု ဝေဖန်ခဲ့ကြပါဦး။

Source: Thaiupdate
Written: Phoo Phoo

Share