Categories: Celebrity News

သီချင်းစာသားခွဲဝေမှု မညီမျှရတဲ့အကြောင်းအရင်းကို ရှင်းပြခဲ့တဲ့ Kpop သီချင်းရေးဆရာတစ်ဦး

Kpop group တွေကိုကြည့်မယ်ဆိုရင် အဖွဲ့ဝင်အားလုံးဟာ ကိုယ်သီဆိုရမယ့်အပိုင်းကို ခွဲဝေယူရပြီး သီဆိုကြရတာပဲဖြစ်ပါတယ်။ ဒီလိုကိစ္စတွေမှာ ဘာတွေဖြစ်လာလဲဆိုတော့ သီချင်းစာသားခွဲဝေမှု မညီမျှတာတွေ ဖြစ်လာကြပါတယ်။

ဟိုအဖွဲ့ဝင်ကတော့ သီချင်းစာသားပိုရတယ်၊ ဒီတစ်ယောက်ကတော့ နည်းနည်းလေးပဲဆိုရတယ် စသဖြင့် ဒီလိုပြသနာလေးတွေ ရှိလာခဲ့ပါတယ်။ ပရိတ်သတ်တွေအနေနဲ့လည်း ကိုယ်ကြိုက်တဲ့ Idol ကအဖွဲ့ထဲမှာ သီချင်းဆိုရတဲ့စာသား နည်းနေတဲ့အခါကျတော့ ပေါက်ကွဲကြမှာက သဘာဝပါပဲ။

ဒီလိုပြသနာတွေ ဖြစ်လာပြီဆိုရင်တော့ အဓိကအပြစ်တင်ခံရမှာကတော့ အေဂျင်စီပါပဲ။ အမှန်တော့ ဒီကိစ္စဟာ အေဂျင်စီနဲ့မဆိုင်ပါဘူး။ ဘာလို့ဆို Kpop အဖွဲ့တွေမှာပါဝင်တဲ့ Member တစ်ယောက်ချင်းစီရဲ ့သီချင်းစာသားခွဲဝေမှုကို တာဝန်ယူရတာက သီချင်းရေးဆရာ (Song Writers) တွေသာဖြစ်နေလို့ပါ။

ထိုပြသနာတွေနဲ့ ပက်သက်ပြီး Kpop လောကရဲ့ နာမည်ကြီး သီချင်းရေးဆရာတွေဖြစ်တဲ့ Cosmic Sound (Kim Kihyun) နှင့် Yoo Joo Yi တို့က ဆွေးနွေးပေးခဲ့ကြပါတယ်။

သူတို့ပြောပုံအရ Kpop အဖွဲဝင်တွေအနေနဲ့ သီချင်းတစ်ပုဒ်နဲ့တစ်ပုဒ် သီချင်းစာသားရရှိမှုက တစ်ယောက်နှင့်တစ်ယောက် မတူကြပါဘူး။အဖွဲ့ရဲ့ Main Vocal ဖြစ်နေပင်မဲ့လည်း တခါတလေမှာ အပိုဒ်နည်းနည်းလောက်သာ ဆိုရတာမျိုးတွေရှိပါတယ်။

ဒါဟာဘာဖြစ်လို့လဲဆိုရင်တော့ အဖွဲ့ဝင်တွေ သီချင်းစာသားအညီအမျှရတာထက်စာရင် အသံလိုက်ဖက်မှုက ပိုပြီးအရေးကြီးလို့ပါတဲ့။ Idol တစ်ယောက်နဲ့တစ်ယောက်က အသံကာလာ မတူညီတဲ့အတွက် သီချင်းစာသားနဲ့ လိုက်ဖက်တဲ့အသံရှိတဲ့သူကိုသာ ပေးရခြင်းဖြစ်တယ်ဆိုပြီး ပြောထားပါတယ်။

ဥပမာအနေနဲ့ဆိုရင် အဖွဲ့ထဲမှာ Main Vocal ဖြစ်တဲ့ Idol ဟာ အသံမြင့်တွေသုံးရတဲ့ သီချင်းအပိုဒ်မျိုးကို အဓိကတာဝန်ယူပြီး ဆိုပေးရပါတယ်။ သို့ပင်မဲ့ နောက်ထပ်သီချင်းတစ်ပုဒ်မှာ သူ့ရဲ့အသံပါဝါနဲ့မလိုက်ဖက်ဖူးလို့ထင်ရင် သူ့ကိုပေးမဆိုပါဘူး။

သူ့နေရာမှာ သီချင်းနဲ့လိုက်ဖက်တဲ့ နောက်ထပ် Member တစ်ယောက်ကိုပဲ အစားထိုးရပါတယ်။ အဲ့လိုပါပဲ သီချင်းတစ်ပုဒ်နဲ့တစ်ပုဒ်ရဲ့ ရေးပုံရေးနည်းလည်း မတူညီတဲ့အတွက် အဖွဲ့ဝင်တွေသီချင်းစာသားရရှိမှုလည်း မတူညီနိုင်ပါဘူး။

ဥပမာအနေနဲ့ဆိုရင် သီချင်းတစ်ပုဒ်က Rap စာသားပိုထည့်မှ ကောင်းမယ်ဆိုရင် Rap စာသားများများထည့်ရမှာပါပဲ။ အဲ့လိုဆိုရင် ထိုသီချင်းအတွက် Rap အပိုင်းကိုတာဝန်ယူရတဲ့ Idol ကပိုပြီး Screen time ရသွားမှာပါပဲ။

ဒါဟာမညီမျှမှုဆိုတာထက် သီချင်းနဲ့ပိုပြီး လိုက်ဖက်တဲ့သူက အဖွဲ့ကိုဦးဆောင်ပေးသွားတာလို့ ပြောရင်ပိုမှန်မယ်လို့ထင်ပါတယ်။ အခုလိုသီချင်းရေးဆရာတွေက သူတို့ရဲ့အတွေ့အကြုံကို ရှင်းပြပေးခဲ့တဲ့အတွက် ပရိတ်သတ်တွေလည်း သီချင်းစာစာသားပြသနာတွေနဲ့ပက်သက်ပြီး နည်းနည်းတော့နားလည်သွားလိမ့်မယ်လို့ ထင်ပါတယ်။

သီချင်းနဲ့ပိုပြီး လိုက်ဖက်တဲ့သူ့ကို သီချင်းစာသားများများပေးရတာဖြစ်ကြောင်း သူတို့ကတော့ ပြောပြသွားခဲ့ပါတယ်။ ပရိတ်သတ်တွေရော ဒီပြသာနာနှင့်ပက်သက်ပြီး ဘယ်လိုမြင်လဲ။ မိမိရဲ့ထင်မြင်ချက်ကို ပေးခဲ့ပါဦး။

Source: Koreaboo
Written: Phoo Phoo

Share