Categories: Celebrity News

YouTube မှာ ကြည့်ရှုသူ သန်း ၃၀၀ အမြန်ဆုံးရရှိတဲ K-pop အဖွဲ့ ဖြစ်လာတဲ့ BTS

BTS အဖွဲ့ရဲ့ Dynamite သီချင်း music video ဟာဆို စက်တင်ဘာလ ၅ ရက်ကိုရီးယားစံတော်ချိန် ညနေ ၄နာရီ ၅၀မိနစ်မှာ ကြည့်ရှုသူပေါင်း သန်း ၃၀၀ တောင်ရှိလာခဲ့ပါပြီနော်။ ဒီသီချင်းက ဩဂုတ်လ ၂၆ ရက်နေ့က ကြည့်ရှုသူ သန်း၂၀၀ ရရှိခဲ့တာဖြစ်ပြီး ထွက်ရှိပြီး ၂၄ အတွင်းမှာကတည်းက Viewer သန်း ၁၀၀ ရရှိခဲ့တဲ့ တာထွက်ကောင်းခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။

ဒီသီချင်းက BTS သီချင်းတွေထဲမှာ ၁၃ ပုဒ်မြောက် ကြည့်ရှုသူ သန်း ၃၀၀ ရတဲ့သီချင်းတစ်ပုဒ်ဖြစ်ပြီး K-pop အဆိုတော်အနေနဲ့ ဒီအချိန်အတိုင်းအတာဟာ အမြန်ဆုံးပါ။ ဒီမတိုင်ခင်ကလည်း Billboard ရဲ့ Hot 100 Charts မှာနံပါတ်တစ်ချိတ်တဲ့ ပထမဆုံးကိုရီးယားအနုပညာရှင်ဖြစ်ခဲ့ပြီး အောင်မြင်မှုတွေတစ်သီတစ်တန်းကြီးသိမ်းပိုက်နေတဲ့ သီချင်းတစ်ပုဒ်ပါ။

ဒါ့အပြင် BTS က Billboard ရဲ့ Main Album Chart နဲ့ Mains Single Chart မှာစကာတင်စာရင်းဝင်တဲ့ တစ်ဦးတည်းသော တောင်ကိုရီးယားအဖွဲ့ပါ။ BTS ရဲ့အောင်မြင်မှုအတွက်ဂုဏ်ပြုရင်း ဒီထက်မကတဲ့ အောင်မြင်မှုတွေဆက်လက်သိမ်းပိုက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Allkpop
Written : Helra

Share