Categories: Celebrity News

Lee Joon Gi နဲ့ တူတယ်ဆိုပီး လူစိတ်ဝင်စားနေကြတဲ့ တက်သစ်စ မင်းသားလေး

Lee Joon Gi နဲ့ တူတယ်လို့ တက်သစ်စမင်းသားလေးတစ်ယောက်ကို လူပြောများနေပါတယ်။ သူကတော့ Flower of Evil ရဲ့ မင်းသားလေး Park Hyun Joon ပဲ ဖြစ်ပါတယ်။

မကြာသေးမီက tvN ကပြသခဲ့တဲ့ Flower of evil ရဲ့ အပိုင်းမှာ လွန်ခဲ့တဲ့ ၁၈ နှစ်က အတိတ်ကာလကို ပြသခဲ့ပါတယ်။ ဒီအပိုင်းမှာတော့ Lee Joon Gi ရဲ့ ငယ်ဘဝအနေနဲ့ Park Hyun Joon မှ သရုပ်ဆောင်ခဲ့ပါတယ်။

ဒီအပိုင်းကို ပြသပီးတဲ့ အခါမှာတော့ ပရိငတ်အများအပြားဟာ နှစ်ယောက်သားရဲ့ တူညီမှုကို အံ့အားသင့်ပီး မှတ်ချက်အများအပြားပေးခဲ့ပါတယ်။ ပရိသတ်တွေ ပြောခဲ့တာကတော့ ” ဘယ်လိုတောင် Lee Joon Gi နဲ့ ချွတ်စွပ်တူတဲ့ သူကို ရှာထားနိုင်လိုက်တာလဲ။

တကယ့် လွန်ခဲ့တဲ့ ၁၈ နှစ်က Lee Joon Gi မဟုတ်လား” လို့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ Park Hyun Joon အတွက်တော့ ဒီလို Lee Joon Gi နဲ့ တူတယ်လို့ အပြောခံရတာ အခုမှ မဟုတ်ပါဘူးတဲ့။

Park Hyun Joon ဟာ မူလတန်းကျောင်းသားအရွယ်မှာ ကတည်းက Lee Joon Gi နဲ့ တူတယ်လို့ လူတွေ သတိထားမိခဲ့တဲ့အတွက် ကိုရီးယားနိင်ငံရဲ့ လူသုံးအများဆုံး Search engine ဖြစ်တဲ့ Naver မှာ နာမည် ရှာဖွေသူအများဆုံးဖြစ်ခဲ့ပါသေးတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါသေးတယ်။

Source: SBS Star
Written: Gyi Gyi

Share