Categories: Celebrity News

Suzy နဲ့ Nam Joo Hyuk တို့ရဲ့ Start-up ဇာတ်လမ်းတွဲရဲ့still cuts တွေ ထွက်ရှိလာ

Start-up ဇာတ်လမ်းတွဲဟာ တောင်ကိုရီးယားရဲ့ Silicon Valley လို့တင်စားရမယ့် စီးပွားရေးအချက်အချာနေရာတစ်ခုမှာ အားမာန်အပြည့်နဲလြူငယ်တွေ ဘယ်လိုကြိုးစားရုန်းကန်ကြမလဲဆိုတာကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ခုပါ။

ဇာတ်ညွှန်းကို I Can Hear Your Voice ရဲ့ဇာတ်ညွှန်းရေးဆရာ Park Hye Ryun ကရေးသားပေးထားပြီး Hotel Del Luna ရဲ့ဒါရိုက်တာ Oh Choong Hwan ကရိုက်ကူးပေးမှာဆိုတော့ စောင့်ကြည့်ရကျိုးနပ်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်လာမှာပါ။

အခုလည်း tvN ငကြိုတင်ရင်ခုန်လို့ရအောင် ဇာတ်လမ်းတွဲထဲက Suzy နဲ့ Nam Joo Hyuk တို့ရဲ့ပုံအချို့တင်ပေးခဲ့ပါတယ်။ အလုပ်ကြိုးစားပြီး ဘဝကိုအရှုံးမပေးတဲ့ Seo DaMi (Suzy) နဲ့ Samsan company တည်ထောင်သူ Nam Do San (Nam Joo Hyuk) တို့နှစ်ယောက် နေ့ခင်းဘက်မှာ ပေါ့ပေါ့ပါးပါးအဝတ်အစားနဲ့ ဘေးချင်းယှဉ်ရပ်နေပြီး ညဘက်မှု ရုံးအဝတ်အစားနဲ့တွေ့ရတဲ့ပုံက သူတို့ရဲ့အလုပ်ကြိုးစားပုံကိုပေါ်လွင်စေတဲ့အပြင် အခုကတည်းက သူတို့ကြားထဲက Chemistry ကိုခံစားနေရပါပြီ။

Source : Soompi
Written : Helra

Share