Categories: Celebrity News

အဖွဲ့ဝင်အားလုံး မိခင်အဖြစ်ကိုရောက်ရှိသွားပြီဖြစ်တဲ့ KPop ခေတ်ဦးရဲ့ နတ်မိမယ်လေးများ S.E.S

၁၉၉၀ နှောင်းပိုင်းတွေမှာ kpop ယဉ်ကျေးမှုနဲ့ ပရိတ်သတ်ကို စတင်ရင်းနှီးစေခဲ့ပြီး kpop ခေတ်ဦးရဲ့ နတ်မိမယ်များလို့ တင်စားကြတဲ့ S.E.S အဖွဲ့ကတော့ အခုချိန်မှာ အဖွဲ့ဝင်အားလုံးမိခင်တွေအဖြစ်ကို ရောက်ရှိသွားခဲ့ပါပြီ။

အဖွဲ့ထဲမှာ နောက်ဆုံးလက်ထပ်ပွဲဆင်နွှဲထားသူဖြစ်တဲ့ Bada ဟာ စက်တင်ဘာလ ခုနစ်ရက်နေ့မှာပဲ ပထမဆုံးရင်သွေးလေးကို မွေးဖွားလိုက်ပြီလို့ သိရပါတယ်။

သူ့ရဲ့ကလေးလေးကတော့ မိန်းကလေးဖြစ်ပြီး ဒီလိုကာလမှာမွေးဖွားလာပေမယ့် Bada ရော ကလေးပါ ကျန်းကျန်းမာမာရှိတယ်လို့လဲ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Wave Nine ကထုတ်ပြန်ခဲ့ပါတယ်။

အခုချိန်မှာတော့ နှစ်ဖက်မိသားစုဝင်တွေရော သူငယ်ချင်းမိတ်ဆွေတွေရော Bada ရဲ့ အသစ်စက်စက်မိသားစုလေးကို ဂုဏ်ပြုစကားတွေနဲ့ လွှမ်းခြုံပေးနေကြပါတယ်။

ကျန်တဲ့အဖွဲ့ဝင်တွေကတော့ Eugene ကမင်းသား Ki Tae Yong နဲ့ သားသမီးနှစ်ဦးထွန်းကားလျက်ရှိပြီး Shoo ကလဲ ၂၀၁၀ ခုနှစ်ကလက်ထပ်ထားတဲ့ ခင်ပွန်းသည် ဘတ်စကတ်ဘောကစားသမား Im Hyo Sung နဲ့ သားသမီးသုံးဦးပိုင်ဆိုင်ထားပါတယ်။

Bada ကတော့ ၂၀၁၇ ခုနှစ်ကမှ စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်တဲ့ သူ့ရဲ့ချစ်သူကောင်လေးနဲ့လက်ထပ်ခဲ့ပြီး အခုချိန်မှာ မိခင်ဖြစ်လာခဲ့ပါပြီ။

တစ်ချိန်က ဖန်သားပြင်ပေါ်မှာ အလင်းလက်ဆုံးတောက်ပခဲ့တဲ့ နတ်မိမယ်လေးတွေဟာ အိမ်ထောင်ရှင်မတွေ ဖြစ်သွားတော့လဲ တစ်မျိုးလေးကြည်နူးစရာပါ။

Bada တစ်ယောက်လဲ မိသားစုနဲ့သာယာတဲ့အချိန်လေးတွေ ဖန်တီးပြီး အပြည့်အဝအနားယူပြီးရင် ဖန်သားပြင်ပေါ်ကို ပြန်ထွက်ပေါ်လာမယ့်အချိန်ကို မျှော်လင့်နေရမှာပါပဲ။

Source : Koreaboo
Written : Dar Dar

Share