Categories: Celebrity News

Yoo Jae Suk ရှေ့မှာ Bra Cup ဆိုဒ်တွေကို နှိုင်းယှဉ်မိသွားတဲ့ Jessi နဲ့ Jeon So Min

tvN ကတော့ ” The Sixth Sense” ဆိုတဲ့ Program သစ်ကို ထုတ်လွှင့်ပြသနေပီး ပထမဆုံးပိုင်းမှာတင်ပဲ ကောင်းမွန်တဲ့ တင်ဆက်ပြသပုံကြောင့် အောင်မြင်မှုရရှိနေတဲ့ Program ပဲ ဖြစ်ပါတယ်။

ဒီ ပထမပိုင်းမှာပဲ လူတွေစိတ်ဝင်တစား ဖြစ်နေရတဲ့ တစ်နေရာကတော့ Oh Na Ra, Jeon So Min, Jessi, Lovelyz’s Mijoo စတဲ့ အမျိုးသမီး တစ်သိုက်နဲ့ Yoo Jae Suk တို့ စကားပြောခဲ့ကြတဲ့ တစ်ခန်းပါ။ ဘယ်လိုတွေ ပြောနေကြတာလဲ ကြည့်ရအောင်နော်။

စပုံကတော့ Mijoo ပါ။ Mijoo ဟာ ရောက်လာတာနဲ့ တစ်ပြိုင်နက် သူမဟာ Jessi ကိုအရမ်းသဘောကျတဲ့ ပရိသတ်တစ်ဦးဖြစ်ကြောင်း ဝမ်းသာအားရပြောခဲ့ပါတယ်။ “ကျွန်မ Jessi ကို အရမ်းသဘောကျတာ။ Running Man လာတုန်းကလေ ကြည့်လိုက်ရသေးတယ်။

ငါ့ရင်ဘက်က အရမ်းကြီးတယ်ဆိုပီး ပြောခဲ့တယ်လေ” လို့ ပြောခဲ့ပါတယ်။ အဲ့ဒီ့အခါမှာတော့ Jessi က “ငါ့ရင်ဘက်အဲ့လောက် မကြီးပါဘူး” လို့ ပြန်လည်ချေပခဲ့ပါတယ်။ ဒါနဲ့ Jeon So Min ကလည်း ” ဘယ်ကသာ။ ကြီးတာပေါ့” လို့ ပြန်လည် ငြင်းခုန်ခဲ့ပါတယ်။

ဒါနဲ့ပဲ ရင်ဘက် Size ပြိုင်တဲ့ ပွဲစခဲ့ပါတော့တယ်။ Jessi – ” ငါက X cup” Jeon So Min – ” လုံးဝမဖြစ်နိုင်ဘူး။ ကျွန်မတောင် X cup ဆို လုံးဝအပြည့်ပဲ”

ဒီကြားထဲမှာတော့ နေရခက်နေခဲ့တာ Yoo Jae Suk ပါပဲ။ နားပိတ်ပီးသား နေနေခဲ့ပါတော့တယ်။ ပွင့်လင်းတဲ့ Jessi တို့ကတော့ သူမရဲ့ ရင်ဘက်တစ်ကယ်ကြီးတဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း ဆက်ပြောမယ်လုပ်တဲ့အခါမှာတော့ Yoo Jae Suk တစ်ယောက် မနေနိုင်တော့ပဲ ” တော်ကြပါတော့” လို့ တောင် တားလိုက်ရပါတော့တယ်။ Jessi တို့ Jeon So Min တို့ကတော့ တကယ့်ကို ပွင့်ပွင့်လင်းလင်းတွေပါပဲနော်။

Source: Koreaboo
Written: Gyi Gyi

Share