Categories: Celebrity News

Im Siwan ကို သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲအသစ်မှာ တွေ့ရတော့မှာလား?

စက်တင်ဘာလ ၇ ရက်နေ့ Star News ရဲ့ထုတ်ပြန်ချက်အရ Im Siwan နဲ့ Kim Hee Won တို့ကို Smartphone လို့အမည်ရတဲ့သည်းထိပ်ရင်ဖိုဇာတ်လမ်းတွဲမှာပါဝင်ဖို့ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

Siwan ရဲ့ အေဂျင်စီဖြစ်တဲ့ Plum Actors ကလည်း သူ့တို့အနေနဲ့ကမ်းလှမ်းချက်ကိုလက်ခံစဉ်းစားနေတယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းက သာမန်ရုံးဝန်ထမ်းတစ်ဦး ဖုန်းပျောက်သွားပြီး အဲဒီ Smartphone ပျောက်သွားတဲ့ဖြစ်ရပ်ကစပြီး မယုံနိုင်စရာ သည်းထိပ်ရင်ဖိုဖြစ်လာတဲ့အကြောင်းပါတဲ့။

Siwan သာပါဝင်ဖြစ်ခဲ့ရင် ဖုန်းပျောက်သွားတဲ့ ကာယကံရှင်ရုံးဝန်ထမ်းနေရာက ရိုက်ကူးရမှာပါ။ Kim Hee Won ကတော့ အဲဒီကိစ္စကိုလိုက်လံစုံစမ်းနေတဲ့ စုံထောက်နေရာကို ကမ်းလှမ်းခံထားရတာပါ။

လတ်တလော Siwan ရဲ့အနုပညာလှုပ်ရှားမှုတွေအနေနဲ့ Boston 1947 နဲ့ Declaration of Emergency ရုပ်ရှင် ၂ ကားအပြင် JTBC ဇာတ်လမ်းတွဲတစ်ခုလည်းရိုက်ကူးဖို့ရှိသေးလို့ လက်ခံမလား မခံဘူးလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။မြင်ရခဲတဲ့ ဇာတ်ကောင်စရိုက်မို့ ပရိတ်သတ်တွေကတော့ လက်ခံစေချင်နေပါတယ်။

Source : Soompi
Written : Helra

Share