Categories: Celebrity News

သမီးတွေကို ယောကျာ်းလုံးဝမပေးစားနိုင်ဘူးဆိုပြီး အူတိုနေတဲ့ Rain

ဖေဖေ Rain ကတော့ အူတိုမှုတွေ စတင်နေပါပီနော်။ JTBC ရဲ့ Hidden Singer အပိုင်းမှာ Rain ဟာ ပါဝင်တင်ဆက်ခဲ့ပါတယ်။ ဒီအပိုင်းမှာတော့ Rain ဟာ သူရဲ့ အသံတူအနေနဲ့လာရောက် ယှဉ်ပြိုင်တဲ့ ” Cha Joon Taek” ဆိုတဲ့ Non-celebrity Guest တစ်ယောက်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။

Cha Joon Taek မှ “ကျွန်တော်က Rain ရဲ့ အကြီးစား ပရိသတ်ပါ။ သမီးလေးနှစ်ယောက်ရှိတယ်။ ဟုတ်တယ်မလား? ကျွန်တော့်မှာလည်း သားလေးနှစ်ယောက်ရှိတယ်။ ကျွန်တော်တို့ ခမည်းခမက်တော်ကြရအောင်” လို့ ရယ်ရယ်မောမောနဲ့ နောက်ပြောင်ခဲ့ပါတယ်။

Rain တစ်ယောက်ကတော့ ဒီစကားကို ကြားကြားချင်း အသည်းအသန် ငြင်းပါတော့တယ်။ “အင်းးးး။ တကယ်တော့ ကျွန်တော် ကျွန်တော့်သမီးလေးတွကို လုံးဝ အိမ်ထောင် မပြုစေချင်ဘူး။

ဖြစ်နိုင်ရင် ယောကျာ်းလေးတွေနဲ့တောင် ပေးမတွေ့ချင်ဘူး” လို့ ပြုံးပြုံးလေးနဲ့ ပြန်လည် ပြောဆိုခဲ့ပါတယ်။ သမီးလေးတွေကို အူတိုလိုက်တာနော်။ Rain ဟာဆိုရင်၂၀၁၇ မှာ Kim Tae Hee နဲ့ လက်ထပ်ခဲ့တဲ့ Rain ဟာ သမီးချောလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။

အရွယ်တောင်မရောက်သေးတဲ့ သမီးချောလေးတွေကို အခုတည်းက အူတိုနေပြီဖြစ်တဲ့ ဖေဖေ Rain ရဲ့အဖြစ်ကတော့ ရီလည်းရီနေရပါတယ်။ အနာဂတ်မှာလည်း သမီးတွေနဲ့ ပက်သက်ပြီး ဘယ်လိုတွေဆက်အူတိုနေရဦးမလဲ မသိဘူးနော်။

Source: SBS Star
Written: Gyi Gyi

Share