Categories: Celebrity News

SM Entertainment နဲ့စာချုပ်သစ် ထပ်မံချုပ်ဆိုလိုက်တဲ့ Girls’ Generation အဖွဲ့ဝင်အချို့

SM Entertainment လက်အောက်မှာ ကျန်ရှိပြီး အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်နေဆဲဖြစ်တဲ့ Taeyeon, Yoona, Yuri, Sunny နဲ့ Hyoyeon တို့ဟာ စက်တင်ဘာလ ၈ ရက်နေ့မှာပဲ SM နဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်လို့ စာချုပ်သစ်ထပ်မံချုပ်ဆိုခဲ့တယ်လို့ soompi သတင်းဌာနမှာဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သတ်လို့ SM ဘက်ကလဲ မှန်ကန်ကြောင်းအတည်ပြုခဲ့ပြီး ဒီအနုပညာရှင်တွေရဲ့ ရှေ့ဆက်မယ့် အနုပညာလုပ်ငန်းတွေကို အားတက်သရောပံ့ပိုးပေးသွားဦးမယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ Girls’ Generation အဖွဲ့ဝင်တွေဟာ အဆိုတော်၊ သရုပ်ဆောင် နဲ့ DJ တွေအဖြစ် အသီးသီးအောင်မြင်စွာရပ်တည်လျက်လဲရှိပါတယ်။ Girls’ Generation အဖွဲ့ကတော့ ၂၀၀၇ ခုနှစ်မှာ SM Entertainment က အဖွဲ့ဝင် ၉ ဦးနဲ့ ပွဲထုတ်ပေးခဲ့ပြီး ကမ္ဘာတစ်လွှားမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ ထိပ်တန်းမိန်းကလေးအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ အဖွဲ့ဝင် Jessica ထွက်ခွာသွားအပြီးမှာတော့ အဖွဲ့ဝင်ရှစ်ဦးနဲ့ အနုပညာလှုပ်ရှားမှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ အဖွဲ့ဝင်ရှစ်ဦးထဲက Sooyoung, Seohyun နဲ့ Tiffany တို့က SM နဲ့လက်တွဲဖြုတ်ခဲ့ပြီး Taeyeon, Yoona, Yuri, Sunny နဲ့ Hyoyeon တို့သာ SM မှာကျန်ရှိခဲ့တာပါ။

အဖွဲ့လိုက်အနုပညာလှုပ်ရှားမှုတွေနဲ့ အတန်ကြာအဆက်ပြတ်နေပေမယ့်လဲ အဖွဲ့ဝင်အားလုံးကိုတော့ မကြာခဏဆိုသလို တစုတစည်းတည်းတွေ့ရတတ်တဲ့ အဖွဲ့လဲဖြစ်ပါတယ်။

Source : Soompi
Written : Dar Dar

Share