Categories: Celebrity News

BTS ကိုဝေဖန်တိုက်ခိုက်ထားတဲ့ New York Times ကို စိတ်ပျက်မိကြောင်း ပြောဆိုခဲ့ဖူးတဲ့ Maddona

ဇွန်လ ၅ ရက်နေ့တုန်းက New York Times ကနေပြီးတော့ “Madonna At Sixty” ဆိုတဲ့ article တစ်ခုလုပ်ခဲ့ပါတယ်။ ထိုသတင်းထဲမှာဆိုရင် Modonna ရဲ့အောင်မြင်မှုခရီးလမ်းရှည်အကြောင်း၊ ၂၀၁၉ ခုနှစ်ရဲ့ Billborad Music Awards စတာတွေကို ထည့်သွင်းရေးသားခဲ့ပါတယ်။

ထို Article ကိုတော့ New York Times ရဲ့ စာရေးဆရာ Vanessa Grigoriadis က ရေးသားပြီး သူ့ရဲ့ပုတ်ခတ်ရေးသားမှုတွေကြောင့် များစွာလည်း ဝေဖန်ခံထားရပါတယ်။

Maddona ဟာ BTS နှင့်အတူ Billboard ဆုပေးပွဲတုန်းက ရိုက်ကူးထားတဲ့ပုံကို Instagram မှာတင်ခဲ့ပါတယ်။ သူမက အဲ့လိုပုံတင်ထားတော့ ARMY တွေကလည်း Comments မှာ ” Legend Meet Legends ” ဆိုပြီး ဝင်ment ကြပါတယ်။

ဒီအဖြစ်ပျက်ကို New York Times ကသရော်ပြီး Madonna ရဲ့ Articleမှာရေးထားပါတယ်။ သူရေးသားပုံကို အနီးစပ်ဆုံး ဘာသာပြန်ရမယ်ဆိုရင် “အခုမှပေါ်လာတဲ့ Kpop ယောကျာ်လေးအဖွဲ့တစ်ခုကို Maddona နဲ့ အရည်အချင်းအတူတူဆိုပြီး ထင်တဲ့သူတွေလည်း ရှိသေးတာပဲ။

Maddona လို Pop လောကရဲ့ ဘုရင်မတစ်ဆူနဲ့ နှိုင်းယှဉ်တာကိုမြင်ရတာ ဟာသတစ်ခုလိုပဲ” ဆိုပြီး သရော်စာရေးခဲ့ပါတယ်။ ဒါ့အပြင် BTS နှင့်အတူ Collaboration လုပ်ခဲ့ဖူးတဲ့ Artists တွေဖြစ်ကြတဲ့ Halsey တို့ကိုလည်း ရွဲ့ပြီးပြောထားပါသေးတယ်။

Maddona လိုလူမျိုးက Halsey တို့လိုမျုျိး တွေ့ကရော လူတွေနဲ့ Collaborate လုပ်မှာမဟုတ်ဖူးဆိုတဲ့ သဘောမျိုးပါတဲ့ အရေးအသားတွေကို ထည့်သွင်းရေးခဲ့ပါတယ်။

ဒီကိစ္စနှင့်ပကိသက်ပြီး ကာယကံရှင်ဖြစ်သူ Maddona ရဲ့သဘောထားကိုလည်း အနီးစပ်ဆုံးပြောပြချင်ပါတယ်။ Maddona က “အခုလိုအရေးအသားတွေနဲ့ ပက်သက်ပြီး တကယ်ကိုစိတ်ပျက်မိတယ်။

အခုဒီ article ကိုရေးတဲ့သူနဲ့ ကျွန်မနဲ့သိပါတယ်။ သူကအမြဲတမ်း ပြသနာဖြစ်စေမယ့် အကြောင်းအရာမျိုးကိုပဲ စဉ်းစားတတ်လေ့ရှိတယ်။ အကောင်းမြင်ဝါဒ နည်းတဲ့သူလည်း ဖြစ်ပါတယ်။ ကျွန်မနဲ့အင်တာဗျူးလုပ်စဉ်ကလည်း လူမျိုးရေးအပိုင်းတွေ၊ အဓိကအားဖြင့် ကျွန်မအသက်ကြီးလာတဲ့ ပက်သက်ပြီးပဲ မေးခဲ့တာပါ။

ကျွန်မနေရာမှာ အမျိုးသားတစ်ယောက်သာဆို သူဒီမေးခွန်းတွေ မမေးလောက်ပါဘူး” ဆိုပြီး သူမရဲ့အတွေ့အကြုံနဲ့ သဘောထားကို ပြတ်ပြတ်သားသား ပြောထားပါတယ်။ အဆိုပါ Article နှင့်ပက်၍လည်း New York Times ဟာများစွာ အပြောခံနေရပါတယ်။

Kpop Industry ကိုသာမက Kpop လောကနဲ့ အဆက်အသွယ်ရှိနေတဲ့ Western Artists တွေကိုပါ ပုတ်ခက်ပြောဆိုထားတဲ့အတွက်လည်း အလွန်ကို ကလေးကလားဆန်လှပါတယ်။ပရိတ်သတ်တွေရော ဒီပြသနာအပေါ် ဘယ်လိုမြင်မိလဲ ။ တစ်ခုခု ပြောခဲ့ပါဦး။

Source: Koreaboo
Written: Phoo Phoo

Share