Categories: Celebrity News

The World of the Married ရဲ့ PD နှင့် Drama တစ်ခုရိုက်ကူးကြမယ့် Jo Insung နဲ့ Han Hyo-Joo

Jo Insung နဲ့ Han Hyojoo တို့ဟာနှစ်အတော်ကြာ drama လောကကနေပျောက်နေခဲ့ကြပြီး ‌အခုတော့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ The World of the married ရဲ့ PD Mo Wan Il နဲ့အတူ ပရိတ်သတ်ဆီကိုပြန်လာပါတော့မယ်။

Sports Chosun ရဲ့ ဆောင်းပါးအရတော့ Jo Insung ဟာ 2014ခုနှစ် SBS မှထုတ်လွှင့်ခဲ့တဲ့ It’s okay, That’s love ဆိုတဲ့ ဇာတ်လမ်းတွဲပြီးသွားထဲက ဇာတ်လမ်းတွဲတွေမှာမတွေ့ခဲ့ရပဲ အခု Moving ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ခြောက်နှစ်တာအတွင်းပထမဆုံးအနေနဲ့ပါဝင်သွားမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ Moving ဆိုတဲ့ Webtoon တစ်ခုကိုပြန်လည်ရိုက်ကူးမှာဖြစ်ပြီးတော့ အထက်တန်းကျောင်းသားတွေရဲ့ အရွယ်ရောက်ကြီးပြင်းလာပုံနဲ့ မိဘတွေအနေနဲ့ ရင်ဆိုင်ရတဲ့အခက်အခဲတွေအကြောင်းကိုပြသပေးသွားမှာပါ။

Jo Insung တင်ပဲမဟုတ်ပဲ မင်းသမီး Han Hyojoo ဟာလည်း 2016 ခုနှစ်မှာ MBC ကနေထုတ်လွှင့်ခဲ့တဲ့ ” W ” ဇာတ်လမ်းတွဲပြီးထဲက ဇာတ်လမ်း‌တွဲတွေမှာမမြင်ရတော့ဘဲ Movie တွေပဲရိုက်ကူးနေခဲ့တာဖြစ်ပါတယ်။

“Moving “ဟာသူမအနေနဲ့လည်း အတော်ကြာမှ drama လောကထဲပြန်လည်ဝင်ရောက်လာတဲ့လှုပ်ရှားမှုတစ်ခုပါပဲ။ The World of the married နဲ့ Misty တို့ကို ပဲ့ကိုင်ခဲ့တဲ့ PD Mo Wan Il ကပဲဦးဆောင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

စတင်ရိုက်ကူးမယ့်ရက်နဲ့ တရားဝင်ထုတ်လွှင့်ပေးမယ့် broadcast station တို့ကိုတော့ အတည်ပြုပြောကြားထားခြင်းမရှိသေးပေမယ့် 2021 တော့ထုတ်လွှင့်ဖြစ်မှာမဟုတ်သေးဘူးလို့ခန့်မှန်းရပါတယ်။

နှစ်အကြာကြီးမှပြန်တွေ့ရမယ့် သူတို့နှစ်ဦးကိုတော့မျှော်လင့်စောင့်စားပေးကြပါအုံး။ PD ကြီးကလည်းဘယ်လိုပရိတ်သတ်စိတ်ဝင်စားအောင်တွေလုပ်ပြီး ဘယ်လောက်အောင်မြင်အုံးမလဲဆိုတာ အခုထဲကရင်ခုန်နေပါတယ်။

Source : Koreaboo
Written : Gyi Gyi

Share