Jin အတွက်တရားမျှတမှုရရှိရန် တောင်းဆိုမှုပြုလုပ်ခဲ့သည့် Truck ကားရရှိတာ လေးကြိမ်တိုင်ခဲ့ပြီဖြစ်တဲ့ Big Hit

Advertisements

Big Hit Entertainment အနေနှင့် BTS အဖွဲ့ဝင်ဖြစ်တဲ့ Jin အပေါ်တရားမျှတစွာ မဆက်ဆံဘူးဆိုပြီး တောင်ဆိုမှုပြုလုပ်နေတဲ့ပရိတ်သတ်အချို့ ရှိပါတယ်။ အခုအချိန်ထိလည်း သူတို့ဟာ ဆက်လက်ထုတ်ဖော် တောင်းဆိုနေကြ ပါတယ်။

Jinကို အခြားအဖွဲ့ဝင်များနည်းတူ ဆက်ဆံပေးရန်တောင်းဆိုသည့် စာတန်းများပါတဲ့ Truck ကားများကို Big Hit ဆီပို့ဆောင်ခဲ့တာ အခုဆိုရင် လေးကြိမ်တောင် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လေးကြိမ်မြောက်ပို့ဆောင်လာတဲ့ Truck ဟာဆိုရင် စက်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက Big Hit entertainment ရှေ့ကို ရောက်လာခဲ့ပါတယ်။

သူတို့အဓိက တောင်းဆိုကြတဲ့ အကြောင်းအရာကတော့ Jin အတွက် MV တွေထဲမှာ အခြားအဖွဲ့ဝင်တွေနည်းတူ သီချင်းစာသား ညီညီမျှမျှပေးရန်၊ သရုပ်ဆောင်အလုပ်များ လုပ်ပိုင်ခွင့်ရရှိရန် စတာတွေကို တောင်းဆိုထားကြပါတယ်။ Big Hit အနေနှင့်ကတော့ အခုလို Truck ကားတွေ ဆက်လက်ရရှိနေမှုနှင့် ပက်သက်ပြီး ဘာမှဖြေရှင်းမထားပါဘူး။

ပရိတ်သတ်အချို့ကတော့ Jin အနေနှင့် ဒီထက်ပိုကောင်းတဲ့ အခွင့်အရေးတွေ ရသင့်တယ်လို့ ဆိုနေကြပါတယ်။ MV တွေမှာ Screen time နည်းတဲ့ Jin အတွက်လည်း Big Hit အနေနှင့် စဉ်းစားပေးရန် ပရိတ်သတ်တွေ တောင်းဆိုလာတာလည်း ကြာခဲ့ပြီဖြစ်ပါတယ်။

အခုအချိန်ထိတော့ Big Hit ကဘာမှ တရားဝင်ဖြေရှင်တာမျိုး မလုပ်သေးပါဘူး။ ပရိတ်သတ်တွေကတော့ Jin အတွက် တရားမျှတမှု မရမချင်း Truck ကားတွေ ဆက်တိုက် ပို့နေမယ်လို့လည်း ပြောထားပါတယ်။ အားလုံးကတော့ ” Jin Deserves Better ” ပါတဲ့။

Source: Allkpop
Written: Phoo Phoo

Advertisements
Share