မိဘမဲ့ဂေဟာတစ်ခုမှာ (၇) နှစ်ကြာ တိတ်တဆိတ် လုပ်အားပေးကူညီနေခဲ့တဲ့ လူ့ပြည်ကနတ်သားလေး Park Bo Gum

Advertisements

ဩဂုတ်လ ၃၁ ရက်နေ့က စစ်မှုထမ်းတာဝန်စတင်ခဲ့တဲ့ Park Bo Gum ဟာ စက်တင်ဘာလ ၉ ရက်နေမှာ သူ ၇ နှစ်ကြာ ထောက်ပံ့ကူညီလျက်ရှိတဲ့ မိဘမဲ့ဂေဟာဆီ လက်ဆောင်အနေနဲ့ ကိတ်တစ်လုံးမဲ့ သူကိုယ်တိုင်ရေးသားထားတဲ့စာတစ်စောင် ပို့ပေးခဲ့ပါတယ်။

သူက ဂေဟာဆီကို ဒီနှစ်စကတည်းက သွားလည်ပြီး ကလေးတွေနဲ့အချိန်ဖြုန်းပေးချင်ခဲ့ပေမယ့်လည်း ကိုဗစ်ကြောင့်သွားမတွေ့နိုင်ခဲ့ပါဘူးတဲ့။ ပိုပြီးချီးကျူးဖို့ကောင်းတာက Park Bo Gum နဲ့သူ့ရဲ့ပရိတ်သတ်တွေက ဒီမိဘမဲ့ကလေးဂေဟာမှာ လုပ်အားပေးကူညီနေခဲ့တာ ၇ နှစ်တောင် ကြာခဲ့ပါပြီလို့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Blossom Entertainment ကတာဝန်ရှိသူတစ်ဦးက အတည်ပြုပေးခဲ့ပါတယ်။

မိဘမဲ့ဂေဟာအနေနဲ့လည်း သူတို့ရဲ့ instagram စာမျက်နှာကနေတစ်ဆင့် ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ “Park Bo Gum ရဲ့လုပ်ရပ်ကြောင့် စိတ်တောင် လှုပ်ရှားသွားရပါတယ်။ ဒီလိုမျိုး ၇ နှစ်တောင်မပြောင်းလဲတဲ့အချစ်တွေနဲ့ ဒီဂေဟာလေးကို ကူညီပေးလို့ အရမ်းလည်းကျေးဇူးတင်ပါတယ်။ ကျွန်တော် ကျွန်မတို့အနေနဲ့လည်း သဘောထားပြည့်တဲ့ မင်းသား Park Bo Gum ကိုအမြဲအားပေးသွားမှာပါ။

ကျန်းကျန်းမာမာနဲ့ ပြန်လာခဲ့ပါ။ ကလေးတွေလည်း ကိတ်ကိုသဘောကျကြပါတယ်။ ထပ်ပြီးကျေးဇူးတင်ပါတယ်” ဆိုပြီး Park Bo Gun ပေးခဲ့တဲ့ cake ပုံလေးနဲ့တင်ထားတာပါ။ အခုလက်ရှိတော့ Park Bo Gum ကတိုင်းပြည်တာဝန်ထမ်းဆောင်နေပေမယ့် tvN ကနေ သူပါဝင်ထားတဲ့ ဇာတ်လမ်းတွဲ Record of Youth ထုတ်လွှင့်နေပါတယ်။

Source : Soompi
Written : Helra

Advertisements
Share