Categories: Celebrity News

ကြည့်ရှုသူသန်း ၂၀၀ ကျော်သွားတဲ့ WWWSK မှ Park Seo Joon နှင့် Park Min Young တို့ရဲ့လူငယ်အကြိုက်ဇာတ်ဝင်ခန်း

2018 ခုနှစ်မှာ tvN မှထုတ်လွှင့်ခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲဖြစ်တဲ့ What’s wrong with secretary kim မှာ Park Seo Joon နှင့် Park Min Young တို့ကအဓိက ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

နှစ်ယောက်စလုံးကလည်း အပေးအပူမျှစွာသရုပ်ဆောင်နိုင်ခဲ့တဲ့အပြင် သူတို့ရဲ့ Ro လွန်းလှတဲ့ဇာတ်ဝင်ခန်း တွေဟာဆိုရင် ပရိတ်သတ်တွေကြား အတော်လေးဂယက်ရိုက်ခဲ့ပါတယ်။ အခုလည်း WWWSK ရဲ့ဇာတ်ဝင်ခန်းတစ်ခုဟာဆိုရင် YouTube မှာကြည့်ရှုသူ သန်း၂ဝဝကျော်ခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါဇာတ်ဝင်ခန်းဟာဆိုရင် What’s wrong with secretary kim ရဲ့အပိုင်း ၁၃ မှာပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ SpoTVNews ရဲ့ပြောကြားချက်အရ ထိုဗီဒီယိုဟာဆိုရင် သြဂုတ်လ ၉ရက်နေ့မှာ ကြည့်ရှုသူသန်း ၁၀၀ ကျော်ခဲ့ပြီး၊ တစ်လကျော်အတွင်း စက်တင်ဘာလ 7 ရက်နေ့မှာပင် သန်း ၂၀၀ ကျော်ခဲ့ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ထိုအခန်း ကိုတစ်လအတွင်း ကြည့်ရှူသူအလွန်များခဲ့တဲ့ ပုံပါပဲ။ SpoTVNews ကတော့ ရောဂါတွေကြောင့် ပရိတ်သတ်တွေဟာ Stay At Home ကြရင်း အရင်ကနာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းတွဲတွေကို ပြန်ကြည့်ကြတဲ့သူတွေ အလွန်များနေတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံမှာဆိုရင်လည်း Itaewon Class ဇာတ်လမ်းတွဲကြောင့် Park Seo Joon ကိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်များစွာ ရှိလာခဲ့ပါတယ်။ ထိုကဲ့သို့ Park Seo Joon ရဲ့ထပ်တိုးပရိတ်သတ်တွေကလည်း Park Seo Joon သရုပ်ဆောင်ခဲ့ဖူးသမျှ ဇာတ်လမ်းတွဲတွေကို ဆက်စပ်အားပေးနေကြပါတယ်။

ဒါ့ကြောင့်လည်း အခု WWWSK ရဲ့ဇာတ်ဝင်ခန်းတစ်ခုဟာ တစ်လအတွင်း YouTube views 100M ကျော်သွားတာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေကိုလည်း အဆိုပါ ဇာတ်ဝင်ခန်း ပြန်လည့်ကြည့်နိုင်ရန်အလို့ငှါ Video ပါထည့်သွင်း ပေးလိုက်ပါတယ်။

Source: Soompi
Written: Phoo Phoo

Share