Categories: Celebrity News

အသက် ၅၂ နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့တဲ့ Huang Zi Tao ရဲ့ဖခင် Huang Zhongdong

Huang Zi Tao ရဲ့ဖခင်ဖြစ်သူ Huang Zhongdong ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဆုံးပါးသွားတယ်လို့ Zi Tao ရဲ့ Entertainment ဖြစ်တဲ့ LTao Entertainment ကထုတ်ပြန်ခဲ့ပါတယ်။

ဆုံးပါးတဲ့အချိန်မှာ Mr. Huang က အသက် ၅၂ နှစ်သာရှိပါသေးတယ်။ သေဆုံးရတဲ့ ရောဂါအကြောင်းအရာတိတိကျကျမထုတ်ပြန်ပဲ ဆုံးပါးသွားတဲ့အကြောင်းသာထုတ်ပြန်ခဲ့ပေမယ့် Pancreas နဲ့ပတ်သက်တဲ့ရောဂါဆိုတဲ့ ကောလဟာလတွေတော့ရှိနေပါတယ်။

Huang Zi Tao ကလည်းမိဘတွေနဲ့အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး Zi Tao တစ်နှစ်သားအရွယ် အကြီးအကျယ်ဖျားတဲ့အချိန် ဆေးရုံသွားပြခဲ့တုန်းက ၂ နာရီကြာစောင့်တဲ့အထိ ဆရာဝန်တွေရောက်မလာလို့ဆိုပြီး နောင်တစ်ချိန် သားအတွက် ဆေးပညာနဲ့ပတ်သက်တဲ့အောင်လက်မှတ်တွေ ရအောင်ယူပြီး သားအရွယ်ရောက်လာတဲ့အချိန်ထိ ကိုယ်တိုင် ဆေးကုသပေးခဲ့တဲ့ ဖခင်မို့ Huang Zi Tao အတွက် အားထားရတဲ့ဖခင်တစ်ဦးဆိုလည်းမမှားပါဘူး။

သားရဲ့ကျန်းမာရေးအခြေအနေကြောင့် SM Entertainment ကနေရင်နာနာနဲ့ထွက်ခွာစေခဲ့သူ တစ်ဦးအနေနဲ့လည်း Mr Huang ကိုသိထားကြပါတယ်။ သားဖြစ်သူကိုအရမ်းချစ်ပြီး ငယ်ငယ်ကတည်းက လူကောင်းတစ်ယောက်ဖြစ်အောင်ပျိုးထောင်နိုင်ခဲ့တဲ့ Mr. Huang Zhongdong ပိုမိုအေးချမ်းတဲ့အရပ်မှာ အနားယူနိုင်ပါစေ။

Written : Helra

Share