Jun Ji Hyun နဲ့ Joo Ji Hoon ရဲ့ ဒရမ်မာသစ် Mount Jiri အတွက် အသုံးပြုမယ့် ဘတ်ဂျတ်

Advertisements

ဒရမ်မာချစ်သူတွေအတွက်တော့ Joo Ji Hoon နဲ့ Jun Ji Hyun တို့ရဲ့ ‘Mount Jiri’ ဒရမ်မာဟာ နောက်နှစ်အတွက် စောင့်မျှော်ကြည့်ရှုစရာတွေထဲမှာမှ အမျှော်လင့်ထားဆုံး ဒရမ်မာဖြစ်မယ်လို့ထင်ပါတယ်နော်။ မင်းသား Joo Ji Hoon အတွက်လဲ Kingdom 2 အပြီးမှာ ပထမဆုံးပြန်လည်ရိုက်ကူးတဲ့ဒရမ်မာဖြစ်ပြီး Jun Jihyun ကလဲ လေးနှစ်အကြာမှ ဇာတ်လမ်းတွဲပြန်လည်ရိုက်ကူးခဲ့တာဖြစ်လို့ စိတ်လှုပ်ရှားစရာပါပဲ။

ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတာကတော့ ဒီဇာတ်လမ်းတွဲအတွက် ရိုက်ကူးရေးနဲ့ထုတ်လုပ်ရေး ကုန်ကျစရိတ်ပါ။ ဇာတ်လမ်းတွဲတစ်ခုလုံးအတွက် ဘတ်ဂျတ် ကိုရီးယားဝမ် ၂၀.၈ ဘီလီယံ (၁၇.၇ မီလီယံဒေါ်လာ) အသုံးပြုသွားမှာဖြစ်ပြီး ဒီဘတ်ဂျတ်ဟာ ကိုရီးယားဒရမ်မာတွေထဲမှာ အတော်လေးမြင့်မားတဲ့စာရင်းထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် Jun Ji Hyun ကလဲ ကိုရီးယားရဲ့ အနုပညာကြေးအမြင့်ဆုံး မင်းသမီးဖြစ်လို့ ကုန်ကျစရိတ်မသေးလှတဲ့ ဇာတ်လမ်းတွဲပါပဲ။

ထိပ်တန်းမင်းသား မင်းသမီးတွေ ထိပ်တန်းဇာတ်ပို့တွေနဲ့ ကုန်ကျစရိတ်များစွာသုံးပြီးရိုက်ကူးမယ့် အပြင် ဇာတ်ညွှန်းကိုလဲ Signal နဲ့ Kingdom တို့ရဲ့ ဇာတ်ညွှန်းဆရာမ Kim Eunhee ကရေးသားခဲ့ပြီး Goblin, Descendants Of The Sun တို့ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ/ပရိုဂျူဆာ Lee Eung Bok ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ရိုက်ကူးရေးကိုတော့ နောက်လမှာစတင်မှာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ထုတ်လွှင့်ပြသသွားမှာပါ။ အပိုင်း ၁၆ ပိုင်းနဲ့ တစ်ပိုင်းစီမှာ ၇၀ မိနစ်စီ ပါဝင်သွားမယ်လို့ သိရပါတယ်။

Source : Koreaboo
Written : Dar Dar

Advertisements
Share