ဂျပန်နိုင်ငံ၏ Oricon’s Daily Albums Chart မှာ No.1 နေရာကိုရရှိထားတဲ့ “TWICE3”

Advertisements

Japanese Albums version တွေနှင့်ပက်သက်ရင် quality ပိုင်းအရမ်းအားကောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့ အဖွဲ့ကိုပြောပါဆိုရင်တော့ TWICE ကိုလက်ညှိးထိုးရမှာပဲ ဖြစ်ပါတယ်။ TWICE ဟာတောင်ကိုရီးယားမှာသာမက ဂျပန်နိုင်ငံမှာလည်း ပရိတ်သတ်အခိုင်အမာရှိတဲ့ girl group လည်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ Music Chart အတော်များများရဲ့ ထိပ်ပိုင်းကို သိမ်းပိုက်ထားနိုင်တဲ့ သူတွေလည်း ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့မှာ TWICE ဟာသူတို့ရဲ့ Albumအသစ် ” TWICE#3″ကို ထုတ်ခဲ့ပါတယ်။ Album မှာလည်း ဂျပန်ဗားရှင်းပြုထားတဲ့ TWICE ရဲ့နာမည်ကြီး သီချင်းများစွာလည်း ပါဝင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့နာမည်အကြီးဆုံး Daily Chart ဖြစ်တဲ့ Oricon Album Chart မှာ TWICE ဟာနံပါတ်(၁) နေရာကို ယူထားနိုင်လိုက်ပါတယ်။ Album sales ကလည်း ခန့်မှန်းခြေ (67808) တောင်ရှိထားတယ်လို့လည်း သိရပါတယ်။

TWICE အဖွဲ့ဟာဆိုရင် ဇွန်လမှာ More & More နှင့် Comeback လုပ်ထားတာလည်း ဖြစ်ပါတယ်။ More & More ဟာလည်း အောင်မြင်မှုများစွာ သိမ်းပိုက်နိုင်ခဲ့တဲ့ MV တစ်ခုလည်း ဖြစ်ပါတယ်။ အခုဆိုရင်လည်း TWICE ဟာနောက်ထပ် ထွက်ရှိမယ့်သူတို့ရဲ့ Comeback အတွက် ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ ပရိတ်သတ်တွေအားလုံးကလည်း သူတို့ရဲ့ Comeback အသစ်ကိုရင်ခုန်စွာနှင့် မျှော်လင့်နေကြပါတယ်။

Source: Soompi
Written: Phoo Phoo

Advertisements
Share