James Corden တစ်ယောက် Harry Styles နဲ့ Jimin့ Jimin ဘယ်သူ့ကိုရွေးမလဲ?

Advertisements

British ရဲ့ တီဗီတင်ဆက်သူတစ်ယောက်ဖြစ်တဲ့ James Corden ဟာ BTS နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်ဆိုပြီး K-Popလောကမှာ နာမည်ကြီးသူပါ။ “Carpool Karaoke” တို့ “Flinch with BTS” တို့ရိုက်ကူးရာမှ သူတို့အချင်းချင်းဟာ တကယ့်ကို ရင်းနှီးခင်မင်ခဲ့ကြပါတယ်။ James ဟာ Jimin ကို သားအဖြစ်မွေးစားထားတယ်ဆိုပြီးတောင်ပြောခဲ့ပါသေးတယ်။

“Carpool Karaoke” မှာ ပရိတ်သတ်တွေက Jimin ရဲ့ချစ်စရာကောင်းမှုကြောင့် “mochi” လို့ခေါ်ကြကြောင်းကို James ကပြောပြခဲ့ပါတယ်။ Jimin ကလည်း သူက “Baby Mochi” ဖြစ်ပြီး James ကိုတော့ “Papa Mochi” လို့နာမည်ပေးခဲ့ပါတယ်။ September 24 က The Late Late Show မှာ James ဟာ Alicia Keys ထံမှ truth or drink လုပ်ဖို့တောင်းဆိုခံရပါတယ်။

မေးခွန်းကတော့ မင်းအရမ်းနှစ်သက်သဘောကျတဲ့ Harry Styles နဲ့ Baby Mochi လို့သိကြတဲ့ Jimin နှစ်ယောက်မှာ ဘယ်သူ့ကို ပိုနှစ်သက်လဲဖြစ်ပါတယ်။ သူဟာဒါကိုကြားလိုက်ရတဲ့အခါ ပါးစပ်အဟောင်းသားဖြစ်သွားရပါတယ်။  ဒီမေးခွန်းဟာ ဘယ်လိုမှမဖြေနိုင်တဲ့ မေးခွန်းမျိုးဖြစ်ပြီးတော့ သူ့ကို အဖေနဲ့ အမေ ဘယ်သူ့ကိုရွေးမလဲ မေးတာနဲ့အတူတူပဲလို့ပြောခဲ့ပါတယ်။

သူ့ကိုရွေးမလဲ မေးတာနဲ့အတူတူပဲလို့ပြောခဲ့ပါတယ်။ သူဟာရှေ့က အရည်ကိုသောက်မယ့်အစား အမှန်အတိုင်းဖြေကြားခဲ့ပါတယ်။ သူဟာအရင်ဆုံး Harry Styles ရဲ့ ပရိတ်သတ်တွေကို “ကျွန်တော် Harry ကိုချစ်ပါတယ်။ ဟိုးအချိန်အကြာကြီးတည်းကချစ်ခဲ့တာပါ” ဆိုပြီးပြောပါတယ်။’

ပီးတော့သူဘာလို့ Jimin ကိုရွေးရလဲဆိုတော့ “ကျွန်တော်က ကျွန်တော့်ရဲ့ Baby Mochi လေးကိုချစ်တယ်။ ကျွန်တော်က Papa Mochi ဖြစ်ပြီးတော့သူက Baby Mochi ဖြစ်လို့ပါ” ဆိုပြီးပြောပြခဲ့ပါတယ်။ James ရဲ့ ချစ်စရာမွေးစားသားလေးအပေါ် ထားရှိတဲ့ အချစ်ဟာ အရာအားလုံးကိုမမြင်နိုင်လောက်အောင် အားကောင်းလွန်းလှပါတယ်။

Source: Koreaboo
Written: Gyi Gyi

Advertisements
Share