အမျိုးသမီး အနုပညာရှင်တွေအတွက် သီချင်းကောင်းလေးတွေဖန်တီးပေးတတ်တဲ့ အမျိုးသားအနုပညာရှင်ငါးဦး

Advertisements

သီချင်းဆိုခြင်း နဲ့ အကပိုင်းမှာ အရမ်းကိုအရည်အချင်းရှိတယ်လို့ အသိအမှတ်ပြုခံရတဲ့ boy group member တွေအများအပြားရှိပါတယ်။ ပြီးတော့ သီချင်းကောင်းတွေဖန်တီးတဲ့နေရာမှာ အရမ်းကိုပါရမီရှိတယ်လို့ လူသိများတဲ့ သူတွေလဲရှိပါတယ်။

ကိုယ့်ရဲ့အဖွဲ့သီချင်းတွေသာမက အခြားသော artist အများအပြားကို သီချင်းတွေဖန်တီးပေးတဲ့ male idol တွေကလည်း အများအပြားပါ။ ဒါပေမယ့် female member တွေအတွက်သီချင်းဖန်တီးပေးတယ်လို့ အမှတ်ရမိတဲ့သူတွေကတော့ လက်ချိုးရေလို့ရပါတယ်။

မိန်းကလေးတွေအတွက်သီချင်းဟာ သူတို့ရဲ့ ဆွဲဆောင်မှုတွေနဲ့ သူမတူတဲ့ခံစားမှုတွေကို သီဆိုသူရဲ့အသံနဲ့လိုက်ဖက်အောင်ဖန်တီးပေးရတာဖြစ်ပါတယ်။ အမျိုးသမီး အနုပညာရှင်တွေအတွက် သီချင်းကောင်းလေးတွေဖန်တီးပေးတတ်တယ်လို့ အသိအမှတ်ပြုခံထားရသူတွေကတော့

SHINee – Jonghyun

Jonghyun ဟာ သူ့ရဲ့ချိုမြိန်လှတဲ့အသံနဲ့ ထူးချွန်တဲ့သီချင်းဆိုစွမ်းရည်တို့ကြောင့် အားလုံးရဲ့နှစ်သက်သဘောကျခြင်းခံရပါတယ်။ သူဟာ သီချင်းဖန်တီးတဲ့နေရာမှာလဲ ပါရမီပါပြီးထူးချွန်ပါသေးတယ်။ သူရေးစပ်ခဲ့တဲ့သီချင်းတွေဟာ ရင်ထဲထိစေပြီး နှစ်သိမ့်ပေးတဲ့ စာသားတွေကြောင့် ပရိတ်သတ်ကနှစ်ခြိုက်ကြပါတယ်။ပရိသတ်တွေဟာ သူ့ရဲ့သီချင်းတွေနဲ့အတူ သူ့ကိုလဲအမြဲတမ်းအမှတ်ရနေကြပါတယ်။

BTS – SUGA

Suga ဟာ Big Hit Entertainment မှာ producer အနေနဲ့ audition ဝင်ခဲ့တာပါ။ ဒါပေမယ့် CEO ရဲ့တိုက်တွန်းမှုကြောင့် အဖွဲ့ထဲဝင်ခဲ့ခြင်းဖြစ်ပါတယ်။ သူဟာ Agust D နာမည်နဲ့ သီချင်းတွေအများကြီးကိုဖန်တီးထားပါတယ်။ သူဟာ ချိုမြိန်ပြီးနားထဲမှာစွဲနေစေမယ့် သံစဉ်တွေနဲ့ သီချင်းတွေကို ရေးစပ်လေ့ရှိပါတယ်။

B1A4 – Jinyoung

Junyoung ကိုတော့ သီချင်းတွေရေးစပ်ဖန်တီးတာနဲ့ ပတ်သတ်ပြီး Genius လို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။ သူဟာပထမဆုံးအနေနဲ့ agency က သူ့ရဲ့အဖွဲ့အတွက် producer လိုအပ်နေတဲ့အချိန်မှာ သီချင်းတွေစတင်ရေးစပ်ပေးခဲ့တာပါ။ Agency နဲ့ member တွေဟာ အလွန်သဘောကျခဲ့ကြရာကနေ သူဟာဒီလောကထဲစတင်ဝင်လာပြီး သူရဲ့အရည်အချင်းတွေချပြဖို့ဖြစ်ခဲ့ပါတယ်။ Jinyoung ဟာ produce 101 မှာ female trainee တွေအတွက် Hit song အများအပြားကိုရေးစပ်ပေးခဲ့ပါတယ်။

Block B – Zico

Zico ကတော့ သူ့ရဲ့ထွက်ရှိထားတဲ့ solo သီချင်းများစွာကိုကြည့်ခြင်းအားဖြင့် အရည်အချင်းကိုသိနိုင်ပါတယ်။ သူ့ရဲ့ ဆန်းသစ်တဲ့ ဂီတပုံစံနဲ့ မြူးကျွတဲ့ သံစဉ်တွေကြောင့် အရမ်းကိုရေပန်းစားကျော်ကြားပါတယ်။ သူဟာ female idol တွေအတွက် သီချင်းတော်တော်များများရေးစပ်ပေးဖူးပါတယ်။

Seventeen – Woozi

Woozi ကတော့ Seventeen ရဲ့ member တစ်ယောက်ဖြစ်ပြီး သူ့ရဲ့အဖွဲ့အတွက် သီချင်းတွေကိုပင်တိုင်ရေးပေးခဲ့တာပါ။ Seventeen ရဲ့ Hit song တွေဟာသူ့ရဲ့လက်ရာတွေပဲဖြစ်ပါတယ်။ သူဟာ female idol တွေအတွက် သီချင်းတစ်ပုဒ်သာ ရေးစပ်ပေးခဲ့ဖူးပါတယ်။

အဲ့ဒီသီချင်းဟာ ပရိတ်သတ်ကြားမှာအရမ်းကို ရေပန်းစားခဲ့ပါတယ်။ Woozi ဟာ music career မှာ သက်တမ်းနုသေးပေမယ့် နောက်ထပ်ပြောင်မြောက်တဲ့ ဖန်တီးမှုတွေအတွက်သူ့အပေါ်အများကြီးမျှော်လင့်ထားကြပါတယ်။ နောက်ထပ် ပါရမီထူးလှတဲ့ boy idol producer လေးတွေကိုလဲ ပြောပြပေးသွားပါအုံး။

Source: Allkpop
Written: Gyi Gyi

Advertisements
Share