“BE” Comeback Live မှာ ရုတ်တရက်ပေါ်လာပြီး ကျန်းမာရေးအခြေအနေကို ပြောပြခဲ့တဲ့ Suga

Suga ဟာ ပုခုံးဒဏ်ရာခွဲစိတ်ကုသထားတဲ့အတွက်ကြောင့် လတ် တလော အနုပညာလှုပ်ရှားမှုတွေကိုခေတ္တရပ်နားထားတာဖြစ်ပေမယ့် comeback live broadcast မှာ ရုတ်တရက်ပေါ်လာကာ ပရိတ်သတ်တွေကိုသာမက အဖွဲ့ဝင်တွေကိုပါ အံ့အားသင့်စေခဲ့ပါတယ်။

သူဟာ ပရိတ်သတ်တွေကိုနှုတ်ဆက်စကားပြောပြီး လက်ရှိကျန်းမာရေးအခြေအနေကိုလည်းပြောပြခဲ့ပါသေးတယ်။ Suga ဟာ ပွဲဦးမထွက်ခင်ကရရှိခဲ့တဲ့ ဒဏ်ရာဟာ အခြေအနေဆိုးလာတဲ့အတွက် ဒီလထဲကပဲ ပရိတ်သတ်တွေမသိအောင် ခွဲစိတ်ကုသမှုခံယူခဲ့တာပါ။

ပရိတ်သတ်တွေကသိရှိသွားတဲ့အခါ စိုးရိမ်ပူပန်ခဲ့ကြပေမယ့် Suga နဲ့ အဖွဲ့ဝင်တွေဟာ သူ့ရဲ့အခြေအနေနဲ့ပတ်သတ်ပြီး ပြောပြပေးနေတဲ့အတွက် ပြန်လည်ကောင်းမွန်လာတာကိုသိရှိပြီး ဝမ်းသာနေကြပါတယ်။ Weverse မှာ Suga ကိုယ်တိုင် စာရေးပြီး ခွဲစိတ်မှုကောင်းကောင်းမွန်မွန်ပြီးစီးခဲ့ကြောင်းနဲ့ နောက်လာမယ့် လှုပ်ရှားမှုအချို့မှာ ပါဝင်နိုင်ခြင်းမရှိသေးဘူးလို့ အသိပေးထားခဲ့တာပါ။

BTS ဟာ သူတို့ရဲ့ album အသစ် BE နဲ့အတူ title track “Life Goes On” ထွက်ရှိခဲ့တာကို ဂုဏ်ပြုဖို့အတွက် ကိုးလအကြာမှ ပထမဆုံးအနေနဲ့ live comeback broadcast လေးပြုလုပ်ပေးခဲ့ပါတယ်။ Suga ကတော့ လူကိုယ်တိုင် မပါဝင်နိုင်ခဲ့ပေမယ့် video message လေးတစ်ခုပို့ပေးပြီး အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

video ထဲမှာဆိုရင်တော့ BTS အဖွဲ့ဝင်တွေတောင် သူဒီ video လေးရိုက်ထားတယ်ဆိုတာ မသိပါဘူးတဲ့။ သူ့အနေနဲ့ အခုလိုနှုတ်ဆက်ခွင့်ရလို့ အရမ်းဝမ်းသာနေမိကြောင်းနဲ့ အခုတလော အခြေအနေလည်းပိုပြီးကောင်းလာနေပြီလို့ ပြောပါတယ်။

ပြီးတဲ့အခါမှာတော့ အဖွဲ့ဝင်တွေကဖုန်းခေါ်ပြီးတော့ ARMY တွေနဲ့အတူ Live မှာ ပါဝင်ခဲ့ပါတယ်။ ဖုန်းပြောရာမှာတော့ သူ့ရဲ့ ဘယ်ဘက်လက်မောင်းကို သိပ်ပြီး အသုံးမပြုနိုင်သေးကြောင်းနဲ့ နောက်အပတ်ကစပြီး rehabilitation စတော့မယ်လို့ ပြောခဲ့ပါသေးတယ်။ အမြန်ဆုံး ပြန်ကောင်းလာပြီး ကျန်းကျန်းမာမာနဲ့ ARMY တွေရှေ့ကို ပြန်ရောက်လာဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Koreaboo
Written: Gyi Gyi

Share