လကမ္ဘာကိုပါ အလည်သွားရတော့မယ့် EXO နဲ့ GOT7 တို့ရဲ့ သီချင်းများ

EXOနဲ့ GOT7 ရဲ့ သီချင်းတွေဟာ 2024 မှာတော့ လကမ္ဘာကို အလည်အပတ်သွားရောက်တော့မှာပါ။ NASA ဟာ Apollo 11 ရဲ့ 50th Anniversary အတွက်ပြုလုပ်တဲ့ #NASAMoonTunes project ကို submissions စတင်ခဲ့ပါတယ်။

Project အတွက်ရွေးချယ်ခံရတဲ့ သီချင်းတွေဟာဆိုရင် 2024 မှာ NASA ကနေပြီး ပြုလုပ်မယ့် လကမ္ဘာကိုသွားရောက်မယ့် 6 ရက်တာ အာကာသခရီးစဉ်တစ်လျှောက် အတွက် playlist ထဲမှာ ပါဝင်သွားမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့အနှစ် 50 ကတည်းက NASA ဟာ လူတွေကို လကမ္ဘာပေါ်ကိုပို့ဆောင်ဖို့ပြင်ဆင်နေခဲ့တာပါ။

2024 မှာတော့ ဒီကိစ္စဟာ အကောင်အထည်ပေါ်လာတော့မှာတဲ့။ Apollo50th anniversary ကိုဂုဏ်ပြုတဲ့အနေနဲ့ လကမ္ဘာခရီးအတွက် လိုက်ဖက်မယ့် playlist တစ်ခုကို ThirdRockRadio နဲ့အတူ ပြုလုပ်သွားပါမယ်တဲ့။ Third Rock Radio ဟာ Spotify မှာ NASA Moon Tunes အတွက် နမူနာ သီချင်း အပုဒ် 200 တင်ပေးခဲ့ပါတယ်။

သီချင်းချစ်သူတွေကတော့ နမူနာကိုနားထောင်ပြီး EXO နဲ့ GOT7 တို့ရဲ့ သီချင်းတွေကို သဘောကျပြီး ထောက်ခံနေကြပါတယ်။ EXO ရဲ့ ဒုတိယ mini-album, Overdose မှ “Moonlight”၊ 6 ခုမြောက် EP album Universe မှ သီချင်း Universe ၊ GOT7 ရဲ့ 7 for 7 album မှ “Moon U” တို့ကတော့ 2024 မှာ အာကာသသို့ အလည်သွားတော့မှာပါ။

နောက်ထပ်လည်း Moon Tunes playlist မှာ ဘယ်သီချင်းတွေ ပါဝင်လာအုံးမလဲဆိုတာ အားလုံးကရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။Congratulations EXO and GOT7 ! 👏

Source: Koreaboo
Written: Gyi Gyi

Share