ဆိုရခက်တဲ့ High note ကို အသာလေးသီဆိုနိုင်တဲ့ Kpop Idol (5)ယောက်

Vocal ပိုင်းမှာ High note ထိရောက်အောင် ဆိုနိုင်တယ်ဆိုတာ Vocal သမားတွေအတွက်တော့ ဂုဏ်ယူဖွယ်အတိပါဘဲ။ Vocal range ကျယ်ပြီး အသံကို လိုသလိုဆွဲဆိုအသုံးချနိုင်တဲ့ အရည်အချင်းရှိ kpop idol တွေ အများအပြားရှိပါတယ်။ အခု Media သမားတွေက အကောင်းဆုံးရွေးချယ်ထုတ်ပြန်ပေးခဲ့တဲ့ ပရိသတ်တွေ ရင်သပ်ရှုမောအံ့ဩရတဲ့ အထင်ကြီးလေးစားဖွယ်ရာ အသံပိုင်ရှင် kpop idol တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

BTS Jungkook

Jungkook ကို “Carpool karaoke” တို့လို “Tiny Desk” စတဲ့ concert တွေမှာဆိုရင် stadium ထဲမှာ လေထဲပျံဝဲပြီးဆိုနေရတဲ့အချိန်ဘဲဖြစ်ဖြစ် ထိုင်နေရင်းဖြစ်ဖြစ် hight note ကို အလွယ်တကူနဲ့ အသာလေးရောက်အောင် သီဆိုနိုင်တာကို တွေ့ရမှာပါ။ “Dope” သီချင်းကနေ “Dynamite” သီချင်းအထိ live stage တွေမှာရော high note ကို အမှားအယွင်းမရှိ နှစ်ပေါင်းများစွာ တောက်လျှောက် သီဆိုလာခဲ့တာ ဖြစ်ပါတယ်။

TXT member Taehyun က လည်း စီနီယာ Jungkook ရဲ့ သီဆိုပုံတွေကို လေ့လာပြီး သူ့ကိုယ်သူ တိုးတက်အောင်လုပ်ကာ TXT ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ သီချင်း “Blue Hour” မှာ hight note ကို မယုံကြည်နိုင်လောက်အောင် သီဆိုနိုင်ခဲ့တယ် လို့ “Weverse ” magazine interview လုပ်တုန်းက ပြောခဲ့ပါတယ်။ အငယ်လေးတွေက အတုယူရတဲ့ Jungkook ရဲ့ high note compilation ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်။ Jungkook ဟာ “Billboard #1 singer”ဆိုတဲ့ hashtag နဲ့တောင် tag တွဲခံရပါသေးတယ်။

SHINee Jonghyun

SHINee အဖွဲ့ရဲ့ main vocalist တစ်ယောက်ဖြစ်တဲ့ Jonghyun ဟာ ကြွေလွှင့်ခဲ့ရတဲ့ kpop ငွေကြယ်ပွင့်ဆိုပေမဲ့ ခံစားချက်ကို ထိထိမိမိဆိုနိုင်တဲ့အသံကာလာ tone ၊ သူများတွေနဲ့မတူ ကွဲပြားထူးခြားတဲ့ သီချင်းဆိုပုံဆိုနည်းတို့ကြောင့် Kpop သမိုင်းမှာ powerful High note ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံး kpop Idol ဆိုပြီး နာမည်ရေးထိုးနိုင်ခဲ့ပါတယ်။

Jonghyun ရဲ့ အကျော်ကြားဆုံး long high note ပါဝင်တဲ့ “Stranger” သီချင်းဟာဆိုရင် ဘယ်လောက်အချိန်တွေကြာသွားသွား ပရိသတ်တွေအတွက် မရိုးအီနိုင်တဲ့ သီချင်းလေးတစ်ပုဒ် ဖြစ်ပြီး နားထောင်တိုင်း သူ့ကိုပိုပိုလွမ်းရပါတယ် လို့ ဆိုကြပါတယ်။

SNSD Taeyeon

Girls’ Generation အဖွဲ့ရဲ့ Leader တစ်ယောက်ဖြစ်သလို Main Vocalist ဖြစ်တဲ့ Taeyeon ဟာ ဆယ်စုနှစ်တစ်ခုစာ အဖွဲ့လိုက်ရော အဖွဲ့ခွဲတွေရောမှာပါ ဖျော်ဖြေသီဆိုခဲ့ပေမဲ့ တဖက်မှာလည်း တကိုယ်တော် သီချင်းတွေလည်း အများကြီးသီဆိုထုတ်​ဝေလျက် ရှိပါတယ်။ သူမဟာဆိုရင် သူမရဲ့ wide vocal range ကြောင့် လူသိများကျော်ကြားပါတယ်။

Kpop industry ထဲမှာ သူမရဲ့ ပေါက်ကွဲထွက်မတတ် high note နဲ့ ပိုင်နိုင်စွာဖျော်ဖြေထားတဲ့ live stage တွေကို မရင်းနှီးတဲ့သူ ရှိမယ်မထင်ပါဖူး။ ခု 2007 ကနေ 2020 ထိ Taeyeon သီဆိုထားတဲ့ high note compilation ကို ကြည့်လိုက်မယ်ဆိုရင်လည်း အသံပါဝါအားကောင်းကောင်းနဲ့ ဖျော်ဖြေတဲ့ အဆိုတော်ကောင်မလေးကနေ ယခုချိန်မှာ တဖြည်းဖြည်း ပိုမိုကျွမ်းကျင်စွာ သီဆိုနေတဲ့ သမ္ဘာရင့်ဝါရင့် Vocalist တစ်ယောက် အနေနဲ့တွေ့နိုင်မှာဖြစ်ပါတယ်။

EXO Chen

EXO အဖွဲ့ထဲမှာ အရည်အချင်းရှိတဲ့ vocalist အချို့ရှိကြပေမဲ့ Chen ကိုတော့ သူ့ရဲ့အံ့ဩစရာကောင်းလောက်အောက် အမြင့်သံအားကောင်းမှုတို့ကြောင့် လူသိများကြပါတယ်။ Kpop အဖွဲ့တွေထဲမှာ Top Vocalist တစ်ဦးဖြစ်တဲ့ Chen ဟာ အနိမ့်သံလည်းသီဆိုနိုင်သလို note ကို အမြင့်ဆုံးရောက်အောင်လည်း သီဆိုနိုင်ပါတယ်။

အသံဩဇာပြည့်စုံပြီး စိတ်ချမ်းမြေ့ဖွယ်ရာ အသံကြောင့် ballad သီချင်းတွေကို ကောင်းကောင်းမွန်မွန်ဖျော်ဖြေနိုင်သလို သီချင်းသီဆိုတဲ့ဟန်ပန်ကလည်း သူ့ရဲ့လှပတဲ့အသံလေးနဲ့ အမြဲလိုက်ဖက်ပေါ်လွင်ပါတယ်။ ထူးခြားမှတ်ကျောက်တင်လောက်ရအောင် Chen သီဆိုထားတဲ့ high note ပေါင်းများစွာရှိပေမဲ့ Knowing Bro အစီအစဉ်မှာ သီဆိုခဲ့တဲ့ kpop classic သီချင်း “Tear” ကတော့ အကျော်ကြားဆုံးဖြစ်ပါတယ်။ ဒီသီချင်းဟာ အဆိုတော် တော်တော်များများ လိုက်ဆိုဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့ high note တွေပါပေမဲ့ Chen ကတော့ လွယ်လွယ်လေး သီဆိုပြနိုင်ခဲ့ပါတယ်။

TXT Taehyun

2002 ခုနှစ်မှာ မွေးဖွားခဲ့တဲ့ TXT အဖွဲ့ရဲ့ Rapper, Dancer နေရာယူထားတဲ့ Taehyun ကတော့ အသက်ငယ်ငယ်လေးနဲ့ သာမာန်ထက်ထူးခြားတဲ့ vocalist တစ်ယောက်အဖြစ် သူ့ကိုယ်သူ သက်သေပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ role model ကတော့ BTS Jungkook နဲ့ SHINee Taemin တို့ဘဲ ဖြစ်ပါတယ်။

Taehyun ဟာဆိုရင် offstage မှာတော့ တမူထူးခြားနေပေမဲ့ စင်ပေါ်မှာ သူ့လက်ထဲ mic ရောက်သွားပြီဆိုတာနဲ့ သူ့အသံပါဝါအားကောင်းကောင်းနဲ့ လူအများကို အာရုံဖမ်းစားနိုင်သူဖြစ်ပါတယ်။ TXT ရဲ့ latest hit “Blue hour” နဲ့ “We Lost The Summer” သီချင်းတွေထဲမှာဆိုရင် Taehyun ရဲ့ high note ကြောင့် လူပြောပိုများခဲ့ပြီး ပိုအောင်မြင်ခဲ့ပါတယ်။ We kpop ပွဲမှာဖျော်ဖြေခဲ့တဲ့ “20 cm” stage မှာဆိုရင်လည်း Taehyun ရဲ့ အထင်ကြီးစရာ vocal performance တွေကြောင့် ပရိတ်သတ်တွေ အံ့ဩမဆုံးဖြစ်ခဲ့ရပါတယ်။

စာရင်းထဲမှာပါဝင်ခဲ့တဲ့ တစ်ခြား idol တွေကတော့ IU, PENTAGON က Jinho, Kim Jaehwan, ASTRO က MJ, N. Flying က Yoo Hwe Seung, F.T. Island က Lee Hong Ki, BTOB ထဲက Son Eunkwang တို့ဘဲ ဖြစ်ပါတယ်။ high note တွေကို အခက်အခဲမရှိသီဆိုနိုင်တဲ့ တစ်ခြား idol တွေရှိသေးရင်လည်း ပရိတ်သတ်ကြီးက ပြောပြခဲ့ပါအုံးနော်။

Source: Allkpop
Written: Violet

Share