Lee Kwang Soo နဲ့ EXO ရဲ့ အငယ်ဆုံးလေး Oh Sehun ကြားက ချစ်စရာ ညီအစ်ကိုသံယောဇဥ်

Asia Prince အဖြစ် ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ Running Man အဖွဲ့ဝင် Lee Kwang Soo နဲ့အတူ EXO အဖွဲ့ရဲ့ အငယ်ဆုံးလေး Oh Sehun တို့သာ အတူတူဆုံလိုက်ကြရင် ဒီအခိုက်အတန့် ဖော်ပြပေးဖို့ ပြီးပြည့်စုံတဲ့စကားလုံးတောင် ရှိမှာမဟုတ်ပါဘူး။

ကြီးကြီး/ငယ်ငယ် စောင့်ရှောက်မှုအပြည့်ပေးတတ်တဲ့ Kwang Soo နဲ့ အစ်ကိုတွေအပေါ် ချွဲတတ်တဲ့ Sehun ကတော့ Variety Show တစ်ခုကို အတူတူရိုက်ကူးနေတယ်လို့ သတင်းတွေကြားရပြီး သူတို့ကြားက ညီအစ်ကိုသံယောဇဥ်ဟာ တစ်ဆထက်တစ်ဆ တိုးလာပါတော့တယ်။

မကြာသေးခင်ကပဲ Sehun ဟာ Kwang Soo နဲ့ အတူတူရှိနေတုန်းက ပုံလေးတွေကို တင်ခဲ့ပါတယ်။ November 21 ရက်နေ့တုန်းက Sehun တစ်ယောက် Kwang Soo နဲ့ နှစ်ယောက်တွဲပုံတွေကို သူ့ရဲ့ Official Instagrm မှာ တင်ခဲ့တာပါ။ ဘာ Caption မှ တပ်မထားတဲ့ပုံ ၂ပုံဖြစ်ပေမဲ့ ပရိသတ်တွေကတော့ ဒီညီအစ်ကိုနှစ်ယောက်ပုံတွေကိုကြည့်ပြီး အချစ်ပိုခဲ့ရပြန်ပါတယ်။

ပုံတွေထဲမှာ Kwang Soo နဲ့ Sehun ဟာ Mask တွေ တပ်ထားကြပြီး နှစ်ယောက်စလုံး အနက်ရောင် Jacket တွေနဲ့ မိမိုက်နေကြတာပါ။ အငယ်လေး Sehun ကတော့ သိတဲ့အတိုင်း Kwang Soo ကို ကပ်ချွဲနေတဲ့ပုံစံလေးနဲ့ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

နှစ်ယောက်စလုံး Mask တွေ တပ်ထားကြပေမဲ့ Sehun ကလည်း သူ့ရဲ့ ခန့်ညားနေမှုကြီးကို ဖုံးဖိလို့မရခဲ့သလို Kwang Soo ရဲ့ ပြုံးရွှင်နေတဲ့မျက်နှာကလည်း အထင်းသားပေါ်နေပါတော့တယ်။ ဒီပုံလေးတွေထဲမှာ သူတို့နှစ်ယောက်ရဲ့ ရင်းနှီးချစ်ခင်နေမှုကို ပရိသတ်တွေ တွေ့မြင်ခဲ့ရတာကြောင့် နှစ်ယောက်စလုံးကိုကြည့်ပြီး ပျော်ရွှင်နေခဲ့ကြပါတော့တယ်။

လက်ရှိမှာတော့ Kwang Soo ဟာ Running Man ရဲ့ အပိုင်းသစ်တွေကို ဆက်လက်ရိုက်ကူးနေပြီး Sehun ကတော့ ပြီးခဲ့တဲ့ August လတုန်းကမှ Chanyeol နဲ့အတူ သီဆိုထားတဲ့ Album ထွက်ထားတာပါ။ Kwang Soo နဲ့ Sehun တို့ အတူတူရှိနေကြတာမြင်တော့ Surprise ဆိုပြီး Show အသစ်ထွက်လာမလားဆိုတာ စောင့်ကြည့်ရဦးမှာပါပဲ။

Source: Allkpop
Written: Nay Chi

Share