Ji Chang Wook နဲ့ Kim Ji Won တို့ရဲ့ မကြာခင်မှာ စောင့်ကြည့်နိုင်တော့မယ့် Drama အသစ်

KakaoTV ကနေထုတ်လွှင့်ပြသမယ့် original drama “City Couple’s Way of Love” လေးကတော့ ဇာတ်ကောင် ခြောက်ယောက်ပါဝင်တဲ့ ပိုစတာလေးတစ်ခု ထုတ်ပေးလာပါတယ်။ “City Couple’s Way of Love” ဟာ romance drama အတိုလေးဖြစ်ပြီး ရုန်းကန်လှုပ်ရှားနေကြတဲ့ လူငယ်လေးတွေရဲ့ အချစ်ဇာတ်လမ်းလေးတွေအကြောင်း ရိုက်ကူးထားတာပါ။


Drama မထုတ်လွှင့်သေးခင်မှာပဲ KakaoTV မှ Ji Chang Wook, Kim Ji Won, Han Ji Eun, Kim Min Seok, Ryu Kyung Soo, So Ju Yeon တို့ရဲ့ moving posters တွေကို ထုတ်ပေးခဲ့တာပါ။ ပိုစတာတွေမှာတော့ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ ideal partner တွေ အကြောင်းမေးမြန်းထားပါသေးတယ်။

Ji Chang Wook ကတော့ ကိုယ့်ရဲ့ခံစားချက်တွေကို ရိုးရိုးသားသားထုတ်ပြတတ်ပြီး အရမ်းကို Romantic ဖြစ်တဲ့ ဗိသုကာပညာရှင် Park Jae Won အနေနဲ့ သရုပ်ဆောင်ထားပြီး သူဟာ သန်မာတဲ့မိန်းကလေးလိုမျိုး နည်းနည်းထူးဆန်းတဲ့ မိန်းကလေးပုံစံမျိုးကို သဘောကျတယ်လို့ဆိုပါတယ်။

ဒီဇာတ်ကောင်လေးကတော့ လွန်ခဲ့တဲ့တစ်နှစ်က နွေညနေခင်းတစ်ခုမှာတွေ့ခဲ့တဲ့ ဆန်းကြယ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်မိသွားမှာလို့ ဖြေထားပါတယ်။ Kim Ji Won ဟာ freelance marketer Lee Eun Oh နေရာမှာပါဝင်ထားတာဖြစ်ပြီး Park Jae Won နဲ့ ချစ်မိသွားမှာပါ။ Moving poster မှာတော့ မသေချာဘူး။ ကျွန်မမေ့မရတဲ့ သူတစ်ယောက်တော့ရှိတယ်လို့ပြောပြခဲ့ပါသေးတယ်။

Source: Soompi
Written: Gyi Gyi

Share